ဖားကန့် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ညတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မြန်မာ တပ်မတော် (လေ)မှလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ပစ်မှတ်သည် ကချင်လွတ်လပ်ရေးအဖွဲ့ တပ်မဟာ ၉ နယ်မြေ အနန့်ပါ ဒေသအတွင်း၌ ပစ်မှတ်ထားခြင်း ဖြစ်သည်။ လေဟာပြင်ဖျော်ဖြေပွဲတစ်ခုကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် KIO မှ အရာရှိများနှင့် ဂီတဖျော်ဖြေသူများ အပါအဝင် အရပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့သည်။ ဖြစ်ပွားမှုဖားကန့်မြို့နယ် အနန့်ပါ၌ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီအချိန်ခန့်တွင် တိုက်လေယာဉ် ၂ စင်းမှ ၃ စင်း ပျံသန်းခဲ့ပြီး ဗုံး ၄ လုံး ကျဲချထိမှန်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။ အဆိုပါ ဂျက်လေယာဉ်များသည် Yak 130 တိုက်လေယာဉ်/လေ့ကျင့်ရေး လေယာဉ်အများစုဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အမှတ် ၆၂ တိုက်ခိုက်ရေးတပ်စုနှင့်အတူ တပ်ဖြန့်ချထားသော မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် မှ ပျံသန်းလာခြင်းဖြစ်ကြောင်း ဆိုသည်။ [၅] တိုက်ခိုက်ခံရချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲ၏ တောက်ပသော မီးရောင်များက နေရာပြသနေသကဲ့သို့ ဖြစ်ခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲသည် KIO တည်ထောင်ခြင်း (၆၂) နှစ်မြောက် အခမ်းအနားအတွက် ပြုလုပ်ခြင်း ဖြစ်သည်။ အစောပိုင်း စာရင်းများအရ သေဆုံးသူဦးရေမှာ ၈၀ ကျော်ရှိပြီး အများစုမှာ အခမ်းအနားသို့ လာရောက်ကြသည့် အရပ်သားများဖြစ်ပြီး နာမည်ကြီး ကချင် ထင်ရှားသူများနှင့် အဆိုတော်များ ပါဝင်သည်။ ထို့အပြင် ကေအိုင်အို အဆင့်မြင့် အရာရှိများနှင့် တပ်သားများလည်း ကျဆုံးခဲ့သည်။ ဒဏ်ရာရသူမှာ ၁၀၀ ကျော်ရှိခဲ့သည်။ [၆] ဂျီနီဗာကွန်ဗင်းရှင်း လေးခုမှ ချမှတ်ထားသော ညှိနှိုင်းဆောင်ရွက်မှု စည်းမျဉ်းများဖြင့် ကချင်စစ်တပ်အခြေစိုက်စခန်းကိုသာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း စစ်အစိုးရက ငြင်းဆိုခဲ့သည်။ အရပ်သားသေဆုံးမှုနှင့် ဖျော်ဖြေတင်ဆက်မှုများသည် သတင်းမှားများနှင့် မဟုတ်မမှန် သတင်းများအပေါ် အခြေခံသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ဒါဇင်များစွာအနက် သရုပ်ဆောင် လထော်ဇောင်ဒင်၊ အဆိုတော် အော်ရာလီ၊ အဆိုတော် ဂလောင်ယော်လွင်၊ စန္ဒယားဆရာ ကိုကင်းတို့ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ KIO နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပရိသတ်များအား ဖျော်ဖြေရန် အဆိုတော် ၉ ဦးအား ဖိတ်ကြားထားခဲ့ကြောင်း ကချင်သတင်းအဖွဲ့ (KNG) က ပြောသည်။ လေကြောင်းတိုက်ခိုက်ချိန်တွင် ဂီတဖျော်ဖြေပွဲသို့ တက်ရောက်လာကြသည့် အရပ်သား ၈၀ ကျော် သေဆုံးခဲ့ပြီး ယင်းသည် ပြည်တွင်းစစ် စတင်ချိန်မှစ၍ အရပ်သားများ အသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ စင်မြင့်အနီးတွင် ဗုံးတစ်လုံး ကျရောက်ခဲ့ပြီး ဖျော်ဖြေတင်ဆက်သူ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ [၇] [၈] [၉] တိုက်ခိုက်မှုအပြီးတွင် ဖားကန့် နှင့် မြစ်ကြီးနားမြို့ များသို့ ဒဏ်ရာရသူများကို ခေါ်ဆောင်လာသည့် ကားများကို ကန်ဆီးရွာ လုံခြုံရေးဂိတ်တွင် တားဆီးခဲ့သည်။ [၁၀] တုံ့ပြန်မှုများနိုင်ငံတကာ တုံ့ပြန်မှု လက်နက်မဲ့ အရပ်သားများအပေါ် အင်အား အလွန်အကျွံ အချိုးအစား မညီမျှစွာ အသုံးပြုမှုအတွက် အလွန်စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းကြေကွဲကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ [၁၁] အာဆီယံ ဥက္ကဋ္ဌ ပရက်ဆိုခွန် က လေကြောင်း တိုက်ခိုက်မှု နှင့် မကြာသေးခင်က ဖြစ်ပွားခဲ့သော အင်းစိန် အကျဉ်းထောင် ဗုံးခွဲမှု အပြီး ပြင်းထန်စွာ စိုးရိမ်ကြောင်း ဖော်ပြသော ကြေညာချက်တစောင်ကို အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သူသည် နှိုးဆော်သံဖြင့် စောင့်ကြည့်နေပြီး အကြမ်းဖက်မှုကို ချုပ်ထိန်းရန် တိုက်တွန်းထားသည်။ [၁၂] ဂျပန်နိုင်ငံ၏ အစိုးရအဖွဲ့ အတွင်းဝန် Matsuno Hirokazu က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားများ လွှတ်ပေးရေးနှင့် ဒီမိုကရေစီ အစိုးရ ပြန်လည်ထူထောင်ရေးတို့ကို တောင်းဆိုသည့် ကြေညာချက်တွင် အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ [၁၃] အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ချက်ချင်းပြုလုပ်ရန် ဩစတြေးလျလွှတ်တော်အမတ် Zoe Daniel က တောင်းဆိုလိုက်သည်။ [၁၄] ပြည်တွင်းတုံ့ပြန်မှု KIA လက်နက်ကိုင်အဖွဲ့သည် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသူများကို သတိရစေရန် အလံတိုင်တစ်ဝက်တွင် လွှင့်တင်ခဲ့သည်။ [၁၅] KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရည်ရွယ်ထားသည့် တရားဝင်စာတစ်စောင်တွင် “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ” ဟု ဆိုထားသည်။ [၁၆] အခြားကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia