ဖိုးသံချောင်း
ရဲဘော်ဖိုးသံချောင်း (၁၉၄၅ မွေးဖွား) သည် မြန်မာ တော်လှန်ရေးသမား၊ စာရေးဆရာ၊ ဂျာနယ်လစ်တစ်ဦး ဖြစ်ပြီး လက်ရှိတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။[၁] လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ သားဖြစ်ပြီး စာရေးဆရာ ညီပုလေး၏ အစ်ကို ဖြစ်သည်။[၂] အစောပိုင်းဘဝဖိုးသံချောင်းကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့၌ စာရေးဆရာနှင့် ထုတ်ဝေသူများဖြစ်သော လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မွေးဖွားခဲ့ပြီး ငယ်မည် ဖိုးသံချောင်း ကျောင်းနာမည် အိုင်ဗင်လှ(Ivan Hla)ခေါ် ချစ်ခင် ဖြစ်သည်။ ။ မန္တလေးမြို့ရှိ စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်း နှင့် စိန့်ပီတာအထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။[၃] နိုင်ငံရေးငယ်စဉ်ကပင် နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူဖြစ်သည်။ ၁၉၆၀ တွင် မန္တလေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီးနောက် ကျောင်းသားအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးတိုင်း၏ အတွင်းရေးမှူးနှင့် မန္တလေးတက္ကသိုလ်ကျောင်းသားများတပ်ဦး၏ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၄][၃] စစ်အစိုးရကို ဆန့်ကျင်မှုများကြောင့် ၁၉၆၆ ခုနှစ် ဇူလိုင်လ ၄ ၇က်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ထောင်ဒဏ်တစ်သက်ဖြင့် ပို့ဆောင်ခံရသည်။ ကိုကိုးကျွန်းသို့ ရောက်ရှိပြီးချိန်တွင် အမည်အား "ချစ်ခင်" မှ "ဖိုးသံချောင်း" သို့ ပြောင်းလဲခဲ့ကာ ဗန်းမော်တင်အောင်၊ မြသန်းတင့် အစရှိသော ထင်ရှားသည့် စာရေးဆရာများနှင့်လည်း ရင်းနှီးခဲ့သည်။ ဖိုးသံချောင်းအား ကိုကိုးကျွန်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးအတွက် လှုပ်ရှားမှုများတွင် ပါဝင်ရန် ဗမာပြည်ကွန်မြူနစ်ပါတီက လျှို့ဝှက်စွာ ကမ်းလှမ်းခဲ့သည်။[၅][၆] ၁၉၇၂ ခုနှစ်တွင် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့သော်လည်း ထောက်လှမ်းရေး၏ အနီးကပ်စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ၁၉၆၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် စစ်တပ်၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာခဲ့ကာ ဗကပ၏ ရှေ့တန်းသို့ ရောက်ရှိသွားခဲ့သည်။[၆] ၁၉၈၉ ခုနှစ် ဗကပ ရှေ့တန်းအရေးအခင်းအပြီးတွင် ဗကပ၏ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရကာ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။ ကျန်ရှိသော ရဲဘော်များနှင့်အတူ ကူမင်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။[၇][၆] ၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် ဖိုးသံချောင်းနှင့် အခြား ဗကပ အဖွဲ့ဝင်များသည် တရုတ်-မြန်မာနယ်စပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဗကပ၏ လက်နက်ကိုင်အဖွဲ့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီအား တိုက်ထုတ်ရန် ၁၀၂၇ စစ်ဆင်ရေးကို ကြေညာခဲ့ပြီးနောက် စစ်ဆင်ရေးတွင် မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်ခဲ့ပြီး သိန္နီမြို့နှင့် ကွတ်ခိုင်မြို့များ သိမ်းယူရာတွင် ပါဝင်ခဲ့သည်။[၈] စာပေလက်ရာများ
ကိုးကား
|
Portal di Ensiklopedia Dunia