ဖီလာဒဲလ်ဖီးယားမြို့

ဖီလာဒဲလ်ဖီးယားမြို့သည် အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အကြီးဆုံးမြို့ဖြစ်ပြီး ဖီလာဒဲလ်ဖီးယားကောင်တီ ၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ဒယ်လာဝဲလ်မြစ် နှင့် စကူးကဲလ်မြစ် ကမ်းတလျှောက်တွင် တည်ရှိသည်။ နယူးယောက်မြို့၏ အနောက်တောင်ဘက် ၈၀မိုင် (၁၃၀ ကီလိုမီတာ) ခန့် အကွာတွင် ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ပဉ္စမမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး ၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁,၅၂၆,၀၀၆ ဦး နေထိုင်သည်။ ဖီလာဒဲလ်ဖီးယားမြို့သည် ဒယ်လာဝဲလ်တောင်ကြားတွင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး အချက်အချာ ဌာနတစ်ခုလည်း ဖြစ်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya