ဖျာပုံနန်းတွင်းရာမာယဏဇာတ်

မြန်မာနိုင်ငံ ဧရာဝတီတိုင်း ဖျာပုံမြို့တွင် အခြေစိုက်သော ဖျာပုံနန်းတွင်းရာမာယဏဇာတ် အဖွဲ့သည် မြန်မာရာမာယဏ အဖွဲ့များတွင် ရှေး အကျဆုံးဖြစ်၍ လူသိများထင်ရှား‌‌သည်။ ဖျာပုံသူ ဖျာပုံသားတို့ ဂုဏ်ယူမဆုံး သော ရှေးဟောင်းယဉ်ကျေးမှုအနုပညာ ရိုးရာ အမွေအနှစ်တစ်ခုလည်းဖြစ်သည်။

သမိုင်းကြောင်း

မင်းတုန်းမင်းလက်ထက် ၁၈၇၇ ခုနှစ်တွင် နန်းတွင်းမြန်မာရာမဇာတ် ဦးစီးအဖွဲ့သားများဖြစ်သည့် ရတနာပုံ ဦး‌မောင်ကြီး ညီအစ်ကိုက ရာမာယဏဇာတ်တော် ပါ ခေါင်းတော်များ၊ ဇာတ်ဝတ်စုံများ၊ စာ‌ပေများကို ဖျာပုံမြို့သို့ သယ်ဆောင်လာခဲ့သည်။ ၁၈၇၈ နှစ်မှ စတင်၍ နှစ်စဉ် ကပြဖျော်ဖြေခဲ့သည်မှာ သတ္တမမြောက်မျိုးဆက်များလက်ထက် တိုင်အောင်ပင်ဖြစ်သည်။

ရိုးရာယုံကြည်မှု

ဖျာပုံမြို့တွင် ရာမာယဏ မှာ ရိုးရာယဉ်ကျေးမှုအနုပညာတစ်ရပ်သာမကပဲ ရိုးရာ ကိုးကွယ်ယုံကြည်မှုတစ်ရပ်လည်း ဖြစ်နေသည်။ ဖျာပုံသူ ဖျာပုံသားတို့က ရာမာယဏဇာတ် နှစ်စဉ်ကပြခြင်းကြောင့် ဘေးအန္တရာယ်အပေါင်းတို့မှ ကင်းဝေးစေသည်ဟု ယုံကြည်ကြသလို ပါဝင်ကပြကြသော အဖွဲ့သားများကလည်း မိမိတို့ တာဝန်ယူရာ ဇာတ်ရုပ် မျက်နှာဖုံးများကို နတ်စင်ကဲ့သို့ သီးသန့်စင်များဖြင့် ထားရှိကိုးကွယ်ကြသည်။ ကပြရာတွင်လည်း ဇာတ်စင်၏ လက်ဝဲ လက်ယာတွင် လက်ဝဲလိုင်း၊ လက်ယာလိုင်း ခေါင်းတော်များအတွက် သီးသန့် ကန်တော့ပွဲ ပေးခြင်းများ ပြုလုပ်ကြသည်။ ကပြသူများမှာ ကြိုတင် ဇာတ်တိုက်လေ့ကျင့်ခြင်းအပြင် ကပြသော ရက်မတိုင်မီကပင် သီလစောင့်ထိန်းခြင်း အမဲသားရှောင်ခြင်း စသော ကျင့်ဝတ်များ ကျင့်စဉ်များဖြင့် ကြိုတင်ပြင်ဆင်ကြရသည်။ အမှားအယွင်းရှိပါက ကပြနေစဉ် အချိန်များတွင် အဆင်မပြေခြင်း၊ ပြဿနာဖြစ်ခြင်းများ ကြုံရတတ်သည်ဟု ယုံကြည်ကြသလို လက်တွေ့ ဖြစ်ပွားခဲ့ခြင်းများလည်း ရှိသည်။ ‌ဘေးအန္တရာယ်ကင်းသည်ဟု ယုံကြည်ခြင်း၊ မပျက်မကွက်ကပြရသည့် အစဉ်အလာရှိခြင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်ခေတ်၊ ၁၉၈၈ အရေးအခင်းကာလ၊ နာဂစ်မုန်တိုင်းတိုက်ချိန်၊ ကိုဗစ်ကပ်ရောဂါကာလ၊ ၂၀၂၁ စစ်အာဏာသိမ်းပြီး ပြည်တွင်းစစ်ဖြစ်ပွားနေချိန်များတွင်ပါ မပျက်မကွက် ကပြခဲ့ကြသည်။

ကပြပုံ

ဖျာပုံမြို့ ရွှေနတ်ကူဘုရားရှိ ရာမဇာတ်ရုံတွင် ကပြလေ့ရှိသည်။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှ စတင်ကပြသည်။ ရှေးယခင်က နန်းတွင်းတွင် ရက် ၆၀ ကပြရသော အခန်းပေါင်း (၉၄) ခန်းရှိသော ရာမာယဏဇာတ်တော်ကြီးကို ညစဉ် (၄၅) ရက် တိတိ (တန်ဆောင်မုန်းလ မှ နတ်တော်လကုန်အထိ) ကပြကြသည်။ နောက် ပိုင်း (၉) ညသာ ကပြကြတော့သည်။

ဖျာပုံနန်းတွင်းရာမဇာတ် ၏ အမာခံ ပင်တိုင်ပရိတ်သတ်မှာ ဖျာပုံနယ်သူနယ်သား၊ ဖျာပုံမြို့သူမြိုသားတို့ပင် ဖြစ်ကြသည်။ ရန်ဖန်ရန်ခါ အခြားဒေသများတွင် သွားရောက်ကပြချိန်များတွင်လည်း ပရိတ်သတ်၏ အားပေးမှု ရရှိကြမြဲဖြစ်သည်။

ပါဝင်တင်ဆက်သူ အနုပညာရှင်များ

ဖျာပုံနန်းတွင်းရာမဇာတ်အဖွဲ့ကို ဥက္ကဋ္ဌက ဦးဆောင်သည်။ ကပြကြသူများမှာ ဖျာပုံသူ ဖျာပုံသား အရပ်သားများဖြစ်ကြသည်။ အချို့မှာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း အမွေပေး ကပြခဲ့ကြသည်။ ကပြသူများကို လက်ဝဲလိုင်း၊ လက်ယာလိုင်း ဟူ၍ အုပ်စုနှစ်ခု ခွဲခြားနိုင်ပါသည်။

လက်ဝဲလိုင်း

လက်ဝဲလိုင်းမှာ ဒဿဂီရိ အစချီသော ဇာတ်ကောင်များဖြစ်ကြ၍ ၎င်းတို့ ကပြရာတွင် အသုံးပြုသည့် ခေါင်းတော်များကို ကပြသည့် ဇာတ်စင်၏ လက်ဝဲဘက်တွင် စင်သီးသန့်ဖြင့် ကန်တော့ပွဲများ‌ ပေးကာ တင်မြှောက် ပူဇော်ကြသည်။

ဒဿဂီရိသည် လက်ဝဲလိုင်း၏ အဓိက ဇာတ်ကောင်ဖြစ်သည်။ လက်ရှိ ဒဿဂီရိဇာတ်ကောင် အနုပညာရှင်မှာ အဖွဲ့ကဥက္ကဋ္ဌ နိုင်ငံတော်အဆင့် ရွှေတံဆိပ်ရှင် ဦးဇော်ဦး ဖြစ်သည်။ ဦးဇော်ဦးအရင် ဒဿဂီရိမှာ ရွှေတံဆိပ်သုံးဆုရှင် ဦးစိန်မြင့် ဖြစ်သည်။[]

လက်ယာလိုင်း

လက်ယာလိုင်းမှာ ရာမမင်းသား အကြီးအမှူးပြုသော ဇာတ်ကောင်များ ဖြစ်ကြ၍ ၎င်းတို့ အသုံးပြုကပြသည့် ခေါင်းတော်များကို ဇာတ်စင်၏ လက်ယာဘက်စင်တွင် ကန်တော့ပွဲများ တင်မြှောက်ကြသည်။ လက်ယာလိုင်း အဓိက ဇာတ်ကောင်မှာ ရာမမင်းသားဖြစ်သည်။ လက်ရှိ ရာမမင်းသား အနုပညာရှင်မှာ ကို ဖြစ်သည်။

ရပ်တည်မှု

ဖျာပုံနန်းတွင်းရာမဇာတ်အဖွဲ့သည် အရပ်သားများဖြင့် ဘိုးဘွားစဉ်ဆက် ကပြခဲ့ကြသည့်အတွက် အမြတ်အစွန်း ထား၍ ဝင်ငွေ ပုံမှန်ပင် မရှိ‌ပါ။ ပါဝင်ကပြသူများက မိမိတို့စားရိတ်ဖြင့် မိမိတို့ ဇာတ်တိုက်လေ့ကျင့်သည်။ ခေါင်းတော်များ၊ ဇာတ်ဝတ်ဇာတ်စားများကို မိမိတို့ဘာသာ ထိန်းသိမ်းကြသည်၊ ကပြလျင်လည်း မိမိတို့ လုပ်အားဖြင့် ပြင်ဆင်ကပြကြပါသည်။ ဖျာပုံ မြို့မိမြို့ဖတို့ကလည်း တတ်အားသရွေ့ ‌ထောက်ပံ့ကြသည်။ ဂုဏ်ထူး‌ဆောင် ပုဂ္ဂိုလ်များ ဖိတ်ကြားချိန်တွင် ဆုချသော ငွေကြေး အနည်းငယ်ရှိသော်လည်း ရေရှည်တွင် ကိုယ်ထူကိုယ်ထသာ ရပ်တည်ကြသည်။


ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya