ဖြစ်ရပ် မိုးကုတ်စက်ဝိုင်းယေဘုယျနှိုင်းရသီအိုရီတွင် ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းသည် အာကာသအချိန်၏အလွန်မှ နယ်နမိတ်ဖြစ်ပြီး အပြင်ဘက် လေ့လာသူကို သက်ရောက်ခြင်းမရှိပေ။ လူပြိန်းစကားဖြင့်ဆိုရလျင် ပြန်လမ်းမရှိသောဆုံမှတ် ဟုဆိုနိုင်သည်။ ဥပမာ ယင်းဆုံမှတ်သည် ဒြပ်ဆွဲအား ပြင်းထန်လွန်းပြီး အလင်းတောင် မလွတ်မြောက်နိုင်ပေ။ ဖြစ်ရပ် မိုးကုတ်စက်ဝိုင်းသည် တွင်းနက်များနှင့် လုံးဝသက်ဆိုင်သည်။ အထဲမှ ထုတ်လွှင့်သောအလင်းသည် အပြင်ဘက်လေ့လာသူဆီသို့ မည်သည့်အခါမျှ မရောက်ရှိနိုင်ပေ။ ထို့နည်းအတူ လေ့လာသူဘက်မှ မြင်ရသည့် ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းဆီသို့ ချဉ်းကပ်သည့် အရာဝတ္ထုတစ်ခုသည် နှေးကွေးလာပြီး ယင်းဆီသို့ မည်သည့်အခါမျှ မရောက်ရှိသယောင် မြင်ရပေမည်။[၁] အချိန်ကြာလာသည်နှင့် ပုံရိပ်သည် ပိုမိုကာ အနီရောင်သမ်းလာပေမည်။ ဆိုလိုသည်မှာ အရာဝတ္ထုသည် လေ့လာသူဆီမှ အဝေးသို့ရောက်သွားည့်နှင့် လှိုင်းအလျားမှာ ပိုမိုရှည်လျားလာသောကြောင့်ဖြစ်သည်။[၂] ခရီးသွားနေသော အရာဝတ္ထုအတွက်မူ ထူးခြားမှု မရှိပေ။ အမှန်တကယ်တွင် မိုးကုတ်စက်ဝိုင်းအား အချိန်အကန့်သတ်မရှိ ဖြတ်သန်းသွားခြင်းဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia