ဖြူဖြူကျော်သိန်း
ဖြူဖြူကျော်သိန်း သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦးဖြစ်ပြီး သူမ၏ ဖျော်ဖြေမှုစတိုင်နှင့် ဝတ်စားဆင်ယင်မှုများကြောင့် ထင်ရှားသည်။[၁] သူမသည် ၂၀၀၈ ခုနှစ်တွင် ယူနီဆက်(ဖ်) ထင်ပေါ်သူ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[၂][၁] ဖြူဖြူကျော်သိန်းကို ဧပြီလ ၂၂ရက်နေ့တွင် ဖခင်ဦးကျော်သိန်း (ညွှန်မှူး(ငြိမ်း) သမဝါယမဝန်ကြီးဌာန)နဲ့ မိခင် ဒေါ်တင်တင်ကြည် (လက်ထောက် ကထိက(ငြိမ်း)စီးပွားရေးတက္ကသိုလ်) တို့က ရန်ကုန်အမျိုးသမီး ဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။ အစ်မဖြစ်သူ ညိုညိုသိန်းနှင့် ခုနစ်နှစ်ကွာခြားသည်။ မိခင်ဖြစ်သူက တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်သဖြင့် မိခင်နှင့်အတူ ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့သည်။ သူငယ်တန်းနှင့် ဒုတိယတန်းကို အ. မ. က (၁၆) စမ်းချောင်း တွင် တက်ရောက်ခဲ့ပြီး တတိယတန်း မှ ဒသမတန်းပညာ အောင်မြင်သည်အထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) ကမာရွတ်တွင် တက်ရောက်ခဲ့သည်။ ဖြူဖြူကျော်သိန်းသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။[၃] ၂၀၀၃ ခုနှစ်တွင် ပထမဆုံးသီချင်းခွေ လုံးဝမသက်ဆိုင်တော့ပါ ကို ဖြန့်ချိခဲ့သည်။[၄] သူမသည် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ အတွင်းရေးမှူးလည်း ဖြစ်သည်။[၅] ထွက်ရှိခဲ့သော တေးစီးရီးခွေများ
ကိုးကား
|
Portal di Ensiklopedia Dunia