ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (အယ်လ်ဒီစီ သို့မဟုတ် စတုတ္ထကမ္ဘာ့နိုင်ငံ) များသည် ကုလသမဂ္ဂ အဆိုအရ စီးပွားရေး၊ လူမှုရေးဖွံ့ ဖြိုးတိုးတက်နှုန်းအနိမ့်ဆုံး ညွှန်းကိန်းများသာရှိပြီး ကမ္ဘာ့နိုင်ငံများအား နှိုင်းယှဉ်ပြသသည့် လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း အဆင့်သတ်မှတ်ချက်တွင် အနိမ့်ဆုံး၌ရှိသောနိုင်ငံများ ဖြစ်သည်။ မှတ်ကျောက်စံနှုန်းသုံးမျိုးတွင် ဝင်ပါက တိုင်း ပြည်တစ်ပြည်ကို ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးတိုင်း ပြည် စာရင်းဝင် အဖြစ် သတ်မှတ်သည်။ -ဝင်ငွေနိမ့်ကျခြင်း (တစ်ဦးချင်းတစ်နှစ်ဝင်ငွေအမေရိကန်ဒေါ်လာ ၇၅ဝ ထက်နည်း ခြင်း) -လူသားအရင်းအမြစ် အားနည်း ခြင်း (အာဟာရ၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်ကြီးစာတတ်မြောက်နှုန်း) -စီးပွား ရေးအားနည်းမှု (စိုက်ပျိုးထုတ်လုပ်မှုမတည်ငြိမ်ခြင်း၊ ထုတ်ကုန်တင်ပို့မှုနှင့် ဝန်ဆောင်မှုတင်ပို့မှု မတည်ငြိမ်ခြင်း၊ အစဉ်အလာမဟုတ်သည့် စီးပွား ရေးလုပ်ငန်းများ၏ အရေးပါခြင်း၊ ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုစုစည်း ခြင်း၊ စီးပွား ရေးသေးငယ်မှုကြောင့် အဟန့်အတား ဖြစ်ခြင်း၊ သဘာဝဘေးဒဏ် ကြောင့် အိုးအိမ်စွန့်ပြေးရ သော လူဦး ရေ ရာခိုင်နှုန်း) အဆိုပါ အယ်လ်ဒီစီ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး အဆင့်စံသတ်မှတ်ချက်ကို ကျော်လွှားနိုင်လျှင် နိုင်ငံသည် အဆင့်အတန်းတက်နိုင်သည်။ ကုလသမ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံများ၊ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သေးငယ်သည့် ကျွန်းနိုင်ငံများဆိုင်ရာ မဟာမင်းကြီးရုံးက ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအား ကုလသမဂ္ဂ မှ ထောက်ပံ့ခြင်း၊ အားပေးခြင်းကိစ္စများကို ကူညီဆောင်ရွက်ပေးသည်။ လက်ရှိနိုင်ငံပေါင်း ၅ဝ ခန့် ဤသတ်မှတ်ချက်စံအတွင်းဝင်သည်။ ၂ဝဝ၆ ခုနှစ် အတွက် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံမှာ အရှေ့တီမောနိုင်ငံဖြစ်သည်။ အသုံးအနှုန်းနှင့် အတိုကောက်စကားလုံးများဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများကို ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုနည်း သော နိုင်ငံများ၊ ပို၍ ဖွံ့ဖြိုးမှုနည်း သော နိုင်ငံများ တစ်နည်း 'တတိယကမ္ဘာ' နိုင်ငံများနှင့် ခွဲခြားနိုင်သည်။ ခေတ်ပြိုင်ပညာရှင်အချို.က 'တတိယကမ္ဘာ' ဟူသည့် စကားလုံးသည် ခေတ်မမီတော့ခြင်း၊ အကျုံးမဝင်တော့ဟု ဆိုသည်။ အခြား သူများကလည်း ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများကို 'စတုတ္ထကမ္ဘာ' ဟူသည့် ဝေါဟာရကို သုံးနှုန်း ပေလိမ့်မည်။ သို့သော်လည်း ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံနှင့် ဖွံ့ဖြိုးမှု နည်း သော နိုင်ငံနှစ်မျိုးစလုံးကို အယ်လ်ဒီစီဟု ဖော်ပြ လေ့ရှိပြီး ကုန်းတွင်းပိတ်တိုင်း ပြည်များအား 'အယ်လ်အယ်လ်ဒီစီ' (LLDC) ဟု ပြသကြသည်။ 'ဖွံ့ဖြိုးဆဲတိုင်း ပြည်' ကို ယေဘုယျအား ဖြင့် 'ဖွံ့ဖြိုးမှုအနိမ့်ဆုံး' ဟူသည့် အသုံးနှုန်းထက် ပို၍နှစ်သက်ကြသည်။ အင်္ဂါရပ်များဖွံ့ဖြိုးမှုအနိမ့်ဆုံနိုင်ငံများသည် ယေဘုယျအား ဖြင့် အလွန်အကျွံဆင်းရဲခြင်းကို ခံစားရပြီး ကျယ်ပြန့်၍ လတ်တလောပဋိပက္ခ (ပြည်တွင်းစစ်သို့မဟုတ် လူမျိုး ရေး စစ်ပွဲများ)၊ နက်ရှိုင်းသည့် နိုင်ငံရေးခြစားမှုနှင့် နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှု ကင်းမဲ့ခြင်းများကိုပါ တွေ့ရသည်။ အစိုးရမှာလည်း ဤကဲ့သို့သော တိုင်း ပြည်များတွင် ဗဟိုမှထိန်းချုပ်သောပုံစံ၊ အာဏာရှင်အပါအဝင်နှင့် စစ်ဦးစီးဝါဒ သို့မဟုတ် စောရနက္ခမင်း အုပ်ချုပ်သည့် အစိုးရမျိုး ဖြစ်နေတတ်သည်။ အယ်လ်ဒီစီနိုင်ငံအများစုမှာ ဆာဟာရအတွင်းပိုင်း အာဖရိကနိုင်ငံများတွင် တည်ရှိသည်။ ကုလသမဂ္ဂ က ၂ဝဝ၃ ခုနှစ်တွင် ပြန်လည် သုံးသပ်ရာဝယ် ကုလသမဂ္ဂ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၌အယ်လ်ဒီစီဖြစ်ဖို့ရန် စံသတ်မှတ်ချက် သုံးချက်နှင့် ကိုက်ညီရမည်ဟု ဆိုထားသည်။ သုံးနှစ်ပျမ်းမျှ တစ်ဦးချင်း တစ်နှစ်စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅ဝ ထက် လျော့နည်းရမည်ဖြစ်သည်။ လူဦး ရေ ၇၅သန်းနှင့်အထက် နိုင်ငံများအား ချန်လှပ် ထား လေသည်။ ကုန်သွယ်ရေးနှင့် အယ်လ်ဒီစီနိုင်ငံများမကြာသေးမီက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲဟု သတ်မှတ်ထားသည့် ဒဗလျူတီအို ဒိုဟာ ဆွေးနွေးပွဲများ ပျက်ပြားသွားသဖြင့် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေး စည်းမျဉ်းများနှင့် အယ်လ်ဒီစီများ၏ ကိစ္စမှာ မီဒီယာသတင်း လောကနှင့် မူဝါဒဆိုင်ရာတို့၏ အာရုံစူးစိုက်မှုကို တိုး၍ရရှိလာသည်။ ဟောင်ကောင်တွင် ကျင်းပသည့် ဝန်ကြီးအဖွဲ. ဆွေး နွေးပွဲများသာ အောင်မြင်စွာ အဆုံးသတ်နိုင်ပါက အယ်လ်ဒီစီနိုင်ငံများသည် အမေရိကန် ဈေးကွက်အား ၁ဝဝ ရာခိုင်နှုန်း အကောက်ခွန်လွတ်ငြိမ်းခွင့်နှင့် ခွဲတမ်း ဝေစု ကင်းလွတ်ခွင့်တို့ ရရှိစေမည်ဟု သဘောတူကြသည်။ အင်ဂျီအိုများ၏ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်အရမူ အယ်လ်ဒီစီတို့ တင်ပြသည့် စာပိုဒ်တွင် ၁ဝဝ ရာခိုင်နှုန်း ပြည့်မရရှိသည့် အပြင် အယ်လ်ဒီစီနိုင်ငံများမှ လက်ရှိခံစားရရှိပြီး ဖြစ်သော အကောက်ခွန်ကင်းလွတ်ခွင့်ကိုပင် ဆုံးရှုံးနိုင်သေး ကြောင်း တွေ့ရှိရသည်။ လက်ရှိ အယ်လ်ဒီစီနိုင်ငံများအာရှ (ရှစ်) နိုင်ငံ -အာဖဂန်နစ္စတန် -ဘင်္ဂလားဒေ့ရှ် -ကမ္ဘောဒီးယား -လာအို -မြန်မာ -နီပေါ -တီမောလက်စ် -ယီမင် အာဖရိက (၃နှစ်) နိုင်ငံ -အင်ဂိုလာ -ဘီနင် -ဘာကီနာဖာဆို -ဘူရွန်ဒီ -ဗဟိုအာဖရိက -ချဒ် -ကော်မိုရို့စ် -ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ -ဂျီဘူတီ -အီရစ်ထရီးယား -အီသီယိုပီးယား -ဇမ်ဘီယာ -ဂီနီ -ဂီနီဘစ်ဆော -လီဆိုသို -လိုက်ဘေးရီးယား -မာဒါဂါးစကား -မာလာဝီ -မာလီ -မော်ရီတေးနီးယား -မိုဇမ်ဘစ် -ဆီနီဂေါ -ဆီယာရာလီယွန် -ဆိုမားလီးယား -ဆူဒန် -တိုဂို -ယူဂန်ဒါ -တန်ဇန်းနီးယား -ဇမ်ဘီယာ အိုရှင်းနီးယား (သုံး နိုင်ငံ) -ကီရီဘာတီ -တူဗာလူ -ဗင်နော့တူ အမေရိက (၁ နိုင်ငံ) - ဟေတီ |
Portal di Ensiklopedia Dunia