ဗန်ကူးဗားမြို့ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ ပင်မကုန်းမြေကြီး၏ အနိမ့်ပိုင်းတွင် ရှိသော ကမ်းရိုးတန်း မြို့တော်တစ်ခု ဖြစ်သည်။ ၁၇၉၀နှစ်များက ထိုဒေသကို လေ့လာရှာဖွေပြီး မြေပုံဆွဲခဲ့သော ဗြိတိသျှ ကပ္ပတိန် ဂျော့ရှ်ဗန်ကူးဗားကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။[၁][၂] မက်ထရိုပိုလစ်တန် နယ်မြေသည် အနောက်ကနေဒါတွင် လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး နိုင်ငံအတွင်း တတိယအကြီးဆုံးဖြစ်သည်။ ကနေဒါနိုင်ငံမြို့ကြီးများတွင် ရှစ်ခုမြောက်အဖြစ် အဆင့် သတ်မှတ်ထားသည်။ [၃][၄] ၂၀၀၆ ခုနှစ် လူဦးရေ စာရင်းအရ ဗန်ကူးဗားတွင် လူဦးရေ ၅၇၈,၀၄၁ [၅] ရှိပြီး မက်ထရိုပိုလစ်တန် နယ်မြေတွင် ၂.၁ သန်းကျော်မျှ နေထိုင်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်းက ပြောင်းရွှေ့လာသူ သိသိသာသာ များလာခဲ့ပြီး မြို့တော်ကို လူမျိုးနှင့် ဘာသာစကား အစုံ ရှိလာစေသည်။ ၅၂ ရာခိုင်နှုန်းသောသူတို့မှာ အင်္ဂလိပ်ဘာသာကို ပထမဘာသာစကား အဖြစ် ပြောဆိုခြင်း မရှိကြပေ။ မြို့နေလူဦးရေ ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ တရုတ် အနွယ်ဝင်များ ဖြစ်ကြသည်။
ကိုးကား
|
Portal di Ensiklopedia Dunia