ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၁၉၃၉ ခုနှစ်၊ ဇန်နဝါရီ-၈ ရက်နေ့မှာ ချောက် ရေနံမြေ ကနေ ခြေလျင် ချီတက် လာခဲ့ကြတဲ့ သပိတ်မှောက် ရေနံမြေ အလုပ်သမားတပ်ကြီး နဲ့ သထုံ၊ ပဲခူးနယ် တကြောကနေ ချီတက် လာကြတဲ့ အင်အား ထောင်ကျော်ရှိ လယ်သမား သပိတ်တပ်ကြီး ဟာ အတူဆုံကြပြီး ရန်ကုန်မြို့တွင်း ဝင်ရောက် လာကြပါတယ်။ ဇန်နဝါရီ-၈ ရက်နေ့ ညနေ (၅) နာရီမှာ ရွှေတိဂုံ အနောက်ဘက်မုခ် ကွက်လပ်ကြီး အတွင်း သပိတ်ပေါင်းစုံ ညီလာခံကြီး အဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံ အစည်းအဝေးကြီး ကို ဖွင့်လှစ် ကျင်းပခဲ့ပါတယ်။ နိုင်ငံလုံး ဆိုင်ရာ လူထုလူတန်းစား အဖွဲ့အစည်းကြီးများ ထူထောင် ဖွဲ့စည်းရန် ဆုံးဖြတ်ချက် အရ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ရဲ့ အကျိုးဆက် တခုအဖြစ် ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီ-၉ ရက်နေ့ မနက်မှာ ရွှေတိဂုံ အလယ်ပစ္စယံ ကွက်လပ်ကြီးမှာ နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအဝေးကြီး ခေါ်ယူ ကျင်းပပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ကြီးကို ဖွဲ့စည်းလိုက်ပါတယ်။
တို့နဲ့ ပထမဆုံး ဖွဲ့စည်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ၁၉၄၁-မတ်လမှာ ဒုတိယ အကြိမ် ဗမာ နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ညီလာခံကြီး ကို ပဲခူးမြို့ မှာ ကျင်းပနိုင်ခဲ့ပြီး တို့ဗမာအစည်းအရုံး ကြီးတခုလုံးရဲ့ ဥက္ကဋ္ဌ အဖြစ် သခင်မြ တာဝန် ယူရမှာ ဖြစ်တဲ့ အတွက် ဗမာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံးကြီး ရဲ့ ဥက္ကဋ္ဌ အဖြစ် သခင်တင် (သုံးဆယ်) ကို တာဝန်လွှဲပြောင်းပေးပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး (ဗတလစ) ဟာ တို့ဗမာ အစည်းအရုံးကြီး ရဲ့ တောင်ပံတဖက် အဖြစ် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ တလျောက်မှာ ဂုဏ်ပြောင်တဲ့ အခန်းကပါဝင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ကြေညာပြီး နောက်ပိုင်းမှာတော့ (လွတ်လပ်ရေး ကြေညာခါနီး အချိန်ကစပြီး) အုပ်စိုးသူ ဖဆပလ အစိုးရရဲ့ (ဗတလစ) ကြီးအဖြစ် ပုံပြောင်းသွားခဲ့ပါတယ်။ အာဏာရ ဖဆပလ အစိုးရ လက်ထက် အတွင်း အာဏာရ ဖဆပလ ကြီးရဲ့ လက်ကိုင်တုတ်အဖွဲ့ အစည်း ကြီးတခုအဖြစ် “ဗတလစ” အဖွဲ့ကြီး နာမည်ဆိုးနဲ့ကျော်စောခဲ့ပါတယ်။ အာဏာရ “ဗတလစ” ခေါင်းဆောင်ကြီး “သခင်တင်” ဟာ မီးခွက်မှုတ် လို့ နာမည်ကျော်ခဲ့သလို အာဏာရ ဗတလစ ကြီး ငယ်ရွယ်လတ် ခေါင်းဆောင်မျိုးစုံဟာလည်း အမတော်ကြေး ဘုံးသူ၊ ခြစားသူ၊ လယ်သမားထု အပေါ် ဖိနှိပ် ဗိုလ်ကျသူတွေ အဖြစ် နာမည်ဆိုး နဲ့ ကျော်ကြား ခဲ့ရပါတယ်။ “ဗတလစ” ကို ကြည့်မယ်ဆိုရင် တော်လှန် ဂုဏ်ပြောင်တဲ့ အခန်းကာလက “ဗတလစ” ကတပိုင်း၊ ဖောက်ပြန်ဆိုးဝါးတဲ့ “ဗတလစ” ကတပိုင်းအဖြစ် ခွဲခြား ရှုမြင်ရမှာ ဖြစ်ပါတယ်။ ၁၉၆၂ နောက်ပိုင်း ဗတလစ အဖွဲ့ကြီး မတည်ရှိတော့ပါ။ ကိုးကား
|
Portal di Ensiklopedia Dunia