ဗမာ့လွတ်လပ်ရေးတပ်မတော်ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်များသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်၊သောကြာနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army - BIA) ကို လက်မောင်း သွေးဖေါက်သစ္စာရေသောက်ကာ စုဖွဲ့တည်ထောင်ခဲ့ကြသည်။A ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များဟာ ဗမာ့တပ်မတော်အနေနဲ့ ထာဝရ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ခံယူသွားရမဲ့ အခြေခံမူကြီး (၄) ရပ်ကို BIA စတင်စုဖွဲ့စဉ်ကတည်းက ချမှတ်ပြဋ္ဌာန်းခဲ့ကြသည်။ ၎င်းအခြေခံမူကြီး (၄) ရပ်မှာ -
ဘန်ကောက်မြို့မှာ စတင်စုဖွဲ့ခဲ့သော BIA ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာပြည်တွင်းသို့ ရဲဘော်သုံးကျိပ်ဝင် အမျိုးသား သူရဲကောင်း စစ်ခေါင်းဆောင်ကြီးများက ဦးစီးကွပ်ကဲကာ ဂျပန်စစ်တပ်နဲ့ အတူမော်လမြိုင် စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီ စစ်ကြောင်း၊ အတွင်းသူပုန် တပ်ဖွဲ့စစ်ကြောင်းအဖြစ် စစ်သည် စစ်ကြောင်းများ အသီးသီးစုဖွဲ့ပြီး ၁၉၄၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ချီတက် ဝင်ရောက်ခဲ့ ကြသည်။ ကြည်းကြောင်းချီတပ်ဖွဲ့များက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ဆက်စပ်လျက်ရှိတဲ့ နယ်မြေဒေသများကို ဖြတ်သန်း ချီတက်ကြရင်း ဒေသခံ ဗမာ့တိုင်းရင်းသား သွေးချင်း မျိုးချစ်လူငယ်များကို စည်းရုံး သိမ်းသွင်းကာ BIA တပ်မတော်ကြီးအား တိုးချဲ့ စုဖွဲ့ခဲ့ကြသည်။ ထို့ကြောင့်လည်း ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ထားဝယ်၊ မြိတ်မှ သွေးချင်း တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။ သမိုင်းဝင် စစ်ခေါင်းဆောင်ကြီးများတပ်မတော်၏ သမိုင်းကို တစေ့တစောင်း လေ့လာကြည့်လျင် နောက်ပိုင်းတပ်မတော်မှာ အထင်ကရ နာမည်ကျော်ကြား အစဉ်အလာကြီးမားတဲ့ သမိုင်းဝင် စစ်ခေါင်းဆောင်ကြီးများကို တွေ့ရှိရမည် ဖြစ်သည်။ ၎င်းတို့မှာ ဗိုလ်မှူးကြီးဗထူး၊ ဗိုလ်မှူးချုပ်စိန်ဝင်း၊ ဗိုလ်မှူးကြီး လွန်းတင်၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီးဖေသက်၊ ဗိုလ်မှူးကြီး ဂွမ်ရှိန် စသူတို့ဟာ ဒေသခံ တနင်္သာရီတိုင်းက မျိုးချစ် စစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ တပ်မတော်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း၁၃-၃-၁၉၄၄ မှာ BDA ဗမာ့တပ်မတော်ခေတ် ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တစ်ခုတွင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းဆင်းပွဲ မိန့်ခွန်းတွင်
လို့ ပြောကြားခဲ့သည်။ မှတ်စု
ဆက်စပ်ဖတ်ရန်ကိုးကား
စိန်တင်၊ တက္ကသိုလ် (၁၉၆၈)။ ရဲဘော်သုံးကျိပ်မော်ကွန်း။ 1976။ |
Portal di Ensiklopedia Dunia