ဗို့အား

ဗို့အား (အင်္ဂလိပ်: Voltage) သည် လျှပ်ပေါ်မှတ် (Electric Potential) နှစ်ခုအကြား ခြားနားမှုကို ခေါ်ဆိုခြင်းဖြစ်သည်။ စနစ်တစ်ခုအတွင်းရှိ အမှတ်နှစ်ခုအကြားရှိ ဗို့အားကို ဗို့မီတာ (Voltmeter) နှင့် တိုင်းတာနိုင်ပြီး မှီငြမ်းရမည့် အမှတ်တစ်ခုအဖြစ် လျှပ်ကျမှတ် (ground) ကို အသုံးပြုလေ့ရှိသည်။ ပထမဆုံးသော ဘတ္ထရီအိုးအား တီထွင်ခဲ့သည့် အီတလီလူမျိုး ရူပဗေဒပညာရှင် အလက်ဆန်ဒရို ဗို့လတာ (Alessandro Volta) ကို ဂုဏ်ပြုမှည့်တွင်ထားခြင်း ဖြစ်သည်။

အသုံးများသည့် ဗို့အား

အိမ်သုံးအဖြစ် ဖြန့်သည့် ဗို့အားတို့မှာ ၁၁၀~၁၂၀ ဗို့ (အေစီ)၊ ၂၂၀~၂၄၀ ဗို့ (အေစီ) တို့ ဖြစ်ကြသည်။ ဓာတ်အားရုံများအကြား ပါဝါဖြန့်သည့် လိုင်းများတွင်မူ ၁၁၀~၁၂၀၀ ကီလိုဗို့ (အေစီ) မျှရှိသည့် ပမာဏကို သုံးကြသည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya