၈။
|
"ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော သမဏော ဂေါတမော နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတီ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
"အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော သမဏော ဂေါတမော ဒိန္နာဒါယီ ဒိန္နပါဋိကင်္ခီ အထေနေန သုစိဘူတေန အတ္တနာ ဝိဟရတီ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
"အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ သမဏော ဂေါတမော အာရာစာရီ[မှတ်စု ၂] ဝိရတော[မှတ်စု ၃] မေထုနာ ဂါမဓမ္မာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
|
"ရဟန်းဂေါတမသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေတော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။
"ရဟန်းဂေါတမသည် မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်တော် မူ၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက်၊ စင်ကြယ်သောကိုယ်ဖြင့် နေတော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။
"ရဟန်းဂေါတမသည် မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်တော်မူ၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်တော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။
|
၉။
|
"မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော သမဏော ဂေါတမော သစ္စဝါဒီ သစ္စသန္ဓော ထေတော[မှတ်စု ၄] ပစ္စယိကော အဝိသံဝါဒကော လောကဿာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
"ပိသုဏံ ဝါစံ ပဟာယ ပိသုဏာယ ဝါစာယ ပဋိဝိရတော သမဏော ဂေါတမော၊ ဣတော သုတွာ န အမုတြ အက္ခာတာ ဣမေသံ ဘေဒါယ၊ အမုတြ ဝါ သုတွာ န ဣမေသံ အက္ခါတာ အမူသံ ဘေဒါယ၊ ဣတိ ဘိန္နာနံ ဝါ သန္ဓာတာ၊ သဟိတာနံ ဝါ အနုပ္ပဒါတာ၊ သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
"ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော သမဏော ဂေါတမော၊ ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ၊ တထာရူပိံ ဝါစံ ဘာသိတာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
"သမ္ဖပ္ပလာပံ ပဟာယ သမ္ဖပ္ပလာပါ ပဋိဝိရတော သမဏော ဂေါတမော ကာလဝါဒီ ဘူတဝါဒီ အတ္ထဝါဒီ ဓမ္မဝါဒီ ဝိနယဝါဒီ၊ နိဓာနဝတိံ ဝါစံ ဘာသိတာ ကာလေန သာပဒေသံ ပရိယန္တဝတိံ အတ္ထသံဟိတ"န္တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
|
"ရဟန်းဂေါတမသည် မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ အမှန်ကိုသာ ဆိုလေ့ရှိတော်မူ၏၊ မှန်သော စကားချင်း ဆက်စပ်စေတော်မူတတ်၏၊ တည်သောစကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတော်မမူ"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။
"ရဟန်းဂေါတမသည် ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်တော်မူ၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တော်မူတတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတော်မူတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်တော်မူ၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်တော်မူ၏၊ ညီညွတ်ခြင်းကို နှစ်သက်တော်မူ၏၊ ညီညွတ်ခြင်းကိုပြုသော စကားကို ဆိုတော်မူတတ်၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။
"ရဟန်းဂေါတမသည် ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသော စကားကိုသာ ဆိုတော်မူတတ်၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။
"ရဟန်းဂေါတမသည် ပြိန်ဖျင်းသောစကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့် စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုတော်မူတတ်၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။
|
၁၀။
|
"ဗီဇဂါမဘူတဂါမသမာရမ္ဘာ[မှတ်စု ၅] ပဋိဝိရတော သမဏော ဂေါတမော"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ။ ပ။
ဧကဘတ္တိကော သမဏော ဂေါတမော ရတ္တူပရတော ဝိရတော[မှတ်စု ၆] ဝိကာလဘောဇနာ။
နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ[မှတ်စု ၇] ပဋိဝိရတော သမဏော ဂေါတမော။
မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ပဋိဝိရတော သမဏော ဂေါတမော။
ဥစ္စာသယနမဟာသယနာ ပဋိဝိရတော သမဏော ဂေါတမော။
ဇာတရူပရဇတပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
အာမကဓညပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
အာမကမံသပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
ဣတ္ထိကုမာရိကပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
ဒါသိဒါသပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
အဇေဠကပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
ကုက္ကုဋသူကရပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
ဟတ္ထိဂဝဿဝဠဝပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။
ဒူတေယျပဟိဏဂမနာနုယောဂါ ပဋိဝိရတော သမဏော ဂေါတမော။
ကယဝိက္ကယာ ပဋိဝိရတော သမဏော ဂေါတမော။
တုလာကူဋကံသကူဋမာနကူဋာ ပဋိဝိရတော သမဏော ဂေါတမော။
ဥက္ကောဋန ဝဉ္စန နိကတိသာစိယောဂါ[မှတ်စု ၈] ပဋိဝိရတော သမဏော ဂေါတမော။
ဆေဒန ဝဓ ဗန္ဓန ဝိပရာမောသ အာလောပ သဟသာကာရာ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။
|
"ရဟန်းဂေါတမသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။
ရဟန်းဂေါတမသည် ဆွမ်းတစ်နပ်သာ စားလေ့ရှိတော်မူ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်တော်မူ၏။
ရဟန်းဂေါတမသည် ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏။
ရဟန်းဂေါတမသည် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ကောက်စိမ်း[မှတ်စု ၉] ကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏။
ရဟန်းဂေါတမသည် အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ကျွန်မိန်းမ ကျွန်ယောက်ျားကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ကြက် ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် လယ်နှင့်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်း ဂေါတမသည် ဝယ်ယူ ရောင်းမှုမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊
ရဟန်းဂေါတမသည် ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာ နိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။
|