ဗြဟ္မာစိုရ်အသင်းကြီးဗြဟ္မာစိုရ်အသင်းကြီး(၁၉၉၈)နာရေးကူညီမှု အသင်း (ရန်ကုန်)မတိုင်မီ စတင်ခဲ့သည့် စေတနာ့ဝန်ထမ်း လူထုကူညီရေး အသင်းဖြစ်သည်။ ရန်ကုန်နာရေး အသင်းထက် ၃၊ ၄ ၊၅နှစ်စောပြီး တည်ထောင်ခဲ့သည်။ ဆရာကြီး ဦးသုခက အဆိုပါ အသင်းကို နမူနာယူကာ ရန်ကုန်တွင် နာရေးကူညီမှု အသင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ စတင်ပေါ်ပေါက်လာပုံဗြဟ္မာစိုရ်အသင်းကြီးသည် မန္တလေးမြို့၏ နာရေးကူညီမှုအသင်းကြီး ဖြစ်သည်။ ၁၉၉၈ မေ ရ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ တောင်စလင်း ဆရာတော် ဦးတိက္ခက ကျောင်းဝင်း အတွင်း ပေ နှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးသဖြင့် အသင်း၏ နေရာဌာန ဖြစ်လာသည်။ ဆရာတော် ဦးတိက္ခသည် ၎င်းအသင်းတွင် နာယက အဖြစ် တာဝန် ယူသည်။ နဒီ မြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ် တစ်စီး လှူဒါန်းပြီး၊ နာရေး ကူညီမှု အပိုင်းမှာ အသားကျ လာသည့် အခါ ကျန်းမာရေး ကူညီမှု များကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစပြီး ကူညီပေးခဲ့သည်။ စတင်တည်ထောင်ရာတွင် လူထုဒေါ်အမာလည်း နာယက အဖြစ်နှင့် ကြည့်ရှုလမ်းညွှန်ပေးခဲ့သည်။ အခမဲ့ နာရေး ကူညီမှု အပြင် ငွေကြေးမတတ်နိုင်သည့် လူနာများအား ဆေးရုံစရိတ် ငွေကြေးထောက်ပံ့ခြင်း၊ ယခုအခါ အသင်းမှ ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကုသမှု ပေးခြင်းများလုပ်ဆောင်လျက်ရှိသည်။ ယခုကဲ့သို့ ဆေးကုခန်းမဖွင့်မီက ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိပြီး ငွေကြေးမတတ်နိုင်သည့် လူနာများအား တရက်လျင် ကျပ် ၂သိန်းနှုန်းဖြင့် ကူညီခဲ့သည်ဟု လူထုစိန်ဝင်းက ပြောသည်။ လွန်ခဲ့သည့် ၂နှစ်ကျော်က ဆေးရုံဆောက်ရန် မြေနေရာ ကိုအလှူရှင်တစ်ဦးက လှူဒါန်းခဲ့သော်လည်း အစိုးရက ဆောက်လုပ်ခွင့် မပြုသဖြင့် ဆောက်လုပ်နိုင်ခြင်းမရှိပဲ ဆေးကုခန်းသာ ဖွင့်လှစ်ပြီး ကုသပေးလျက် ရှိသည်။ အထက်မြန်မာပြည်တွင် အဆိုပါ အသင်း၏ လုပ်ဆောင်မှုများမှာ ထိရောက်မှု အတိုင်းအတာ တစုံတရာ အထိကြီးမားသည်။ အကျိုးခံစားခွင့် ရရှိနေသည့် လူဦးရေ အတိုင်းအတာ အတိအကျ မသိရှိရသေး။ ဗြဟ္မစိုရ် အသင်းကို လက်ရှိတာဝန်ယူလုပ်ကိုင်နေသူများမှာ ဥက္ကဋ္ဌ ဦးမြအောင်၊ စာရေးဆရာ ကျော်ရင်မြင့် နှင့် အခြားဆရာဝန်တဦးတို့ ဖြစ်သည်။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၏ ဩဝါဒါစရိယ
ပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ၊ မဟာနာယက၊ ရွှေကျင်သာသနာပိုင်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဝါဆိုကျောင်း၊ မန္တလေးမြို့။
နိုင်ငံတော်ဩဝါဒါစရိယ၊ မြတောင်ကျောင်းတိုက်၊ မန္တလေးမြို့။
အဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်၊ မန္တလေးမြို့။
ဇောတိကဓဇ၊ နိုင်ငံတော်ဩဝါဒါစရိယ ၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ မန္တလေးမြို့။
ဆရာတော်၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။
ထေရဝါဒဝံသာလင်္ကာရ၊ မရမ္မရဋ္ဌသာသနဓဇ (သီရိလင်္ကာ) နိုင်ငံတော်ဝိနည်းဓိုရ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပဓာန နာယက ဆရာတော်၊ တောင်စလင်းတိုက်သစ်၊ မန္တလေးမြို့။
သင်တန်းကျောင်း(ကထိက)တိုက်အုပ်ဆရာတော်၊ တောင်စလင်းတိုက်သစ်၊ မန္တလေးမြို့။ နာယကအဖွဲ့ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ နာယကအဖွဲ့ဝင် (၁၀) ဦးရှိသည်။
အလုပ်အမှုဆောင်အဖွဲ့၂၀၁၁ ခုနှစ် မေလ ၇ ရက်နေ့က အသင်းအစည်းအဝေးခန်းမတွင် ကျင်းပသော ၁၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကြီးတွင် အမှုဆောင်သစ်ကို ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၁-၂၀၁၂ ခုနှစ် အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
လိပ်စာ |
Portal di Ensiklopedia Dunia