ဗြိတိသျှ နွေရာသီစံတော်ချိန်
![]()
ဗြိတိသျှ နွေရာသီစံတော်ချိန်(အင်္ဂလိပ်: British Summer Time) (BST)အား အသုံးပြုသောအချိန်တွင် ယူနိုက်တက် ကင်းဒမ်း၏ မြို့ပြအချိန်သည် မနက်ခင်း၌ နေရောင်အား တနာရီလျော့ရပြီး ညနေခင်း၌ တနာရီပိုရစေရန် ဂရင်းနစ်စံတော်ချိန်၏ ရှေ့သို့ တနာရီတိုးသွားသည်(ထို့အကျိုးသက်ရောက်မှုကြောင့် အချိန်ဇုန်အား UTC+00:00 မှ UTC+01:00 သို့ ပြောင်းလဲသွားစေသည်)။[၁][၂] BST ကို မတ်လနောက်ဆုံး တနင်္ဂနွေနေ့ 01:00 GMT တွင် စတင်ပြီး အောက်တိုဘာလ နောက်ဆုံး တနင်္ဂနွေနေ့ 01:00 GMT (02:00 BST) တွင် အဆုံးသတ်သည်။ နေ့အလင်းထိန်းသိမ်းသောအချိန် စတင်ခြင်းနှင့် အဆုံးသတ်ခြင်းကို ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများ ကိုက်ညီခဲ့ကြပြီး ယူနိုက်တက်ကင်းဒမ်းမှ ဥရောပသမဂ္ဂမှ ထွက်လာသည့်အချိန်အထိ ထိန်းသိမ်းထားခဲ့သည်။[၃] ဥပမာအားဖြင့် ဗြိတိသျှနွေရာသီစံတော်ချိန်နှင့် ဗဟိုဥရောပ နွေရာသီစံတော်ချိန်တို့ကို စတင်ခြင်းနှင့် အဆုံးသတ်ခြင်းကို တနင်္ဂနွေနေ့တစ်ခုတည်း၌ တိကျတူညီသောအချိန်(ဆိုလိုသည်မှာ 02:00 ဗဟိုဥရောပ စံတော်ချိန်၊ ၎င်းမှာ 01:00 ဂရင်းနစ်စံတော်ချိန်ဖြစ်သည်)တွင် ဆောင်ရွက်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အကြားတွင် ဗြိတိသျှနွေရာသီစံတော်ချိန်ကို "အကယ်၍ မတ်လ ဒုတိယမြောက်စနေ့ပြီး နောက်နေ့သည် အီစတာနေ့ဖြစ်ပါက မတ်လ တတိယမြောက် စနေနေ့ပြီးနောက်နေ့မနက် ဂရင်းနစ်စံတော်ချိန် ၂ နာရီမှ စတင်ပြီး အောက်တိုဘာလ စတုတ္ထမြောက် စနေနေ့ပြီး နောက်နေ့မနက် ဂရင်းနစ်စံတော်ချိန် ၂ နာရီတွင် အဆုံးသတ်သည်"ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။[၄][၅]
ကိုးကား
|
Portal di Ensiklopedia Dunia