ဘန်ကောက် မိုးပျံရထား

ဘီတီအက်စ်မိုးပျံရထား
အထွေထွေအချက်အလက်များ
ဒေသအခေါ်အဝေါ်รถไฟฟ้าบีทีเอส
ပိုင်ဆိုင်သူဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့
ဒေသဘန်​ကောက်၊ ထိုင်းနိုင်ငံ
ပို့ဆောင်ရေးအမျိုးအစားအမြန်သယ်ယူပို့​ဆောင်​ရေး
လမ်းကြောင်းအရေအတွက်
ဘူတာရုံပေါင်း62[]
စီးနင်းသူအရေအတွက်723,167 ( BTS  and  BTS )
7,550 ( MRL )
2024[]
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၅ ဒီဇင်ဘာ ၁၉၉၉
စီမံခန့်ခွဲသူBangkok Mass Transit System Public Company Limited
ယာဉ်အရေအတွက်၅၂
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၃၆.၄၅ km (၂၂.၆၅ mi)
သံလမ်းအကျယ်၁၄၃၅ mm (4 ft 8 12 in) standard gauge
မီးရထားလျှပ်စစ်ဓာတ်အားပေးမှုလျှပ်စစ်ဓာတ်သံလမ်းအားဖြင့် 750 ဗို့အား DC (တိုက်ရိုက်လျှပ်စီးကြောင်း)
ပျမ်းမျှမြန်နှုန်း၃၅ km/h (၂၂ mph)
အမြင့်ဆုံးမြန်နှုန်း၈၀ km/h (၅၀ mph)

ဘီတီအက်စ်မိုးပျံရထား ခေါ် ဘန်ကောက်မိုးပျံရထား (အင်္ဂလိပ်: Bangkok Mass Transit System, BTS Skytrain, ထိုင်း: รถไฟฟ้าบีทีเอส, RTGS: Rot Faifa BTS) သည် ဘန်​ကောက်မြို့၏ အဆင့်မြင့် သယ်ယူပို့​ဆောင်​ရေးစနစ် ဖြစ်သည်။ ​မြောက်ဘက်နှင့် အ​ရှေ့ဘက်သို့​ ပြေးဆွဲရာ ဆူခုမ်ဗစ်လိုင်း (Sukhumvit Line) နှင့် ဘန်​ကောက်၏ စီးပွား​ရေးမြို့နယ်ဖြစ်​သော စီလုမ်နှင့် ဆာသွန်ဘက်သို့​ ပြေးဆွဲရာ စီလုမ်လိုင်း (Silom Line) တို့ ဖြစ်သည်။

ဘန်ကောက်မြို့ရှိ ဘီတီအက်စ်မိုးပျံရထားလိုင်း၌ ပင်မလိုင်းနှစ်သွယ် ပါဝင်ပါသည်။ ဆူခုမ်ဗစ်လမ်းကြောင်းသည် ခူခွတ်ဘူတာမှ စတင်၍ ဂေဟာဘူတာ၌ ဆုံးခန်းတိုင်ပါသည်။ စီလုမ်လမ်းကြောင်းသည် အမျိုးသားအားကစားရုံဘူတာမှ စတင်ကာ ဘန်ဝါဘူတာအထိ ပေါက်ရောက်ပါသည်။ အဆိုပါ ရထားလမ်းကြောင်းနှစ်သွယ်သည် ဆယမ်ဘူတာကြီး၌ ဆုံဆည်းကြပြီး ခရီးသည်များအနေဖြင့် လိုင်းပြောင်း၍ စီးနင်းနိုင်ပါသည်။

ရွှေရောင်လမ်းကြောင်း (Gold Line) မှာမူ ကရုန်ထွန်ဘူရီဘူတာမှ ခလောင်ဆန်အရပ်သို့ ဦးတည်သွားလာပြီး ထင်ရှားသော ICONSIAM ကုန်တိုက်ကြီးကို ဖြတ်သန်းပါသည်။ ယင်းရွေရောင်လမ်းကြောင်းနှင့် အခြားရထားလမ်းကြောင်းများကို ဆယမ်နှင့် ကရုန်ထွန်ဘူရီဘူတာများတွင် လိုင်းပြောင်းစီးနင်းရန် ဖြစ်နိုင်ပါသည်။

ဘီတီအက်စ်မိုးပျံရထားလိုင်း၏ တရားဝင်အခေါ်အဝေါ်မှာ "ဘုရင်မင်းမြတ်၏ သက်တော် ၇၂ ပြည့် အထိမ်းအမှတ် မိုးပျံရထားလိုင်း" (ထိုင်းဘာသာဖြင့်: รถไฟฟ้าเฉลิมพระเกียรติ 6 รอบ พระชนมพรรษา) ဖြစ်ပါသည်။

ဘီတီအက်စ်ရထားလိုင်းများအပြင် ဘန်ကောက်မြို့၏ အမြန်သယ်ယူပို့ဆောင်ရေးစနစ်တွင် မြေအောက်ရထားလိုင်း (MRT) နှင့် မြေပေါ်ပြေးဆွဲသော MRT လိုင်းခွဲများ၊ ဘတ်စ်ကား အမြန်ပို့ဆောင်ရေးစနစ် (BRT)၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆက်သွယ်ပေးသော လေဆိပ်ရထားလိုင်း (Airport Rail Link) နှင့် နိုင်ငံပိုင်ထိုင်းမီးရထား၏ ဆင်ခြေဖုံးပြေးဆွဲသော လိုင်းအချို့လည်း ပါဝင်လျက်ရှိပါသည်။

ဘန်​ကောက်မြို့ပြ၏ရထားစနစ်များ(BTS၊MRT၊SARL)

သမိုင်း​ကြောင်း

ဆလာဒန်ဘူတာမှထွက်လာ​သောရထား
ရထားအတွင်းပိုင်း

အမြန်သယ်ယူပို့​ဆောင်​ရေးစနစ်(Mass Transit System)ကို ဘန်​ကောက်မြို့၌ ၁၉၈၀ အ​စောပိုင်းတွင်စတင်ခဲ့သည်။

ဘူတာပလက်ဖောင်းနမူနာ

ဘူတာရုံပုံစံများ

​ဝေါင်း​ဝေယံဘူတာအပြင်ဘက်
ဆယမ်ဘူတာကြီး၏ အပေါ်ထပ်ပလက်ဖောင်း

ဘူတာအားလုံးကိုမြင့်မား၍အများအားဖြင့်၂ထပ်အဖြစ်​ဆောက်လုပ်ထားသည်။ လမ်းမကြီးများ၏လမ်းလယ်ကျွန်းများတွင်​ဖောင်​ဒေးရှင်းချထားသည်။ ပလတ်​ဖောင်းများ​ပေါမှ​​နေ၍​​လှေကားဖြင့်လည်း​ကောင်း၊စက်​ကှေားဖြင့်လည်း​ကောင်းတက်နိုင်သည်။ အချို့ရုံများတွင်ဓာတ်​​လှေကားများပါရှိသည်။

ပထမထပ်တွင် လက်မှတ်စက်၊စား​သောက်ဆိုင်များဆိုင်​သေး​သေး​လေးများနှင့်လက်မှတ်စစ်ဂိတ်များရှိသည်။ ဒုတိယထပ်(ဆိုင်ရမ်တွင်တတိယထပ်ပါ)ဘူတာစကြ်န်နှင့် ရထားလမ်းများရှိသည်။ ဆိုင်ရမ်ရုံတွင်လိုင်း​ပြောင်းရန်မှာ မျက်နှာချင်းဆိုင်ရထား​ပေါသို့တက်ရန်သာဖြစ်သည်။

ဆလာဒန်၊အဆုတ်နှင့်မိုချစ်တို့တွင် ​မြေ​အောက်ရထားနှင့်ကူး​ပြောင်းစီးနိုင်သည်။

လက်မှတ်နှင့်စီးနင်းပုံ

BTS မိုးပျံရထား လက်မှတ်စက်

ရထားလက်မှတ်ဝယ်ရန်အင်မတန်လွယ်ကူသည်။၂၀၀၇တွင် "ဘီတီအက်စ် စမတ်ပတ်စ် ကတ်များ "ထုတ်​ပေးခဲ့ပြီး​မေလ၂၀၁၂တွင် "ရတ်ဘစ်ကတ်(Rabbit card)"များဖြင့်အစားထိုးခဲ့သည်။

ရတ်ဘစ်ကတ်မှာ မိုးပျံရထားနှင့် BRTဘတ်စ်ကားများတွင်သုံးနိုင်​သောအီလတ်ထ​ရောနစ်ကတ်ဖြစ်သည်။ ထို့အပြင် BTSနှင့်မိတ်ဖက်ဖြစ်​သော McDonald's, Burger King, Starbucks တို့တွင်လည်း သုံးနိုင်သည်။

ဘူတာရုံပထမထပ်ရှိ လက်မှတ်စက်တွင် လက်မှတ်ဝယ်ယူနိုင်သည်။ စက်​ဘေးရှိ​ မြေပုံတွင် မိမိသွားလို​သောဘူတာ၏ ကုန်ကျ​​ငွေကို ကြည့်ကာ စက်ထဲ၌နှိပ်၍ကျသ​လောက်​ငွေထည့်ရသည်။ ထိုအခါစက်မှ လက်မှတ်ထွက်လာမည်။ ထိုလက်မှတ်ကို အချိန်၂နာရီ အတွင်းသာ အသုံးပြုနိုင်သည်။ ထိုလက်မှတ်ကိုလက်မှတ်စစ်ဂိတ်ရှိ စက်ထဲသို့ထည့်လိုက်လျှင်​မောင်းတံပွင့်ကာလက်မှတ်ပြန်ထွက်လာမည်။

ထို့​နောက်လက်မှတ်ကို ယူကာ ဒုတိယထပ်ရှိ ပလက်ဖောင်းတွင် ရထားစီးကာ ဆင်းမည့်ဘူတာရှိ လက်မှတ်ဂိတ်တွင် လက်မှတ်ကိုပြန်ထည့်လိုက်ရသည်။

လက်မှတ်မှန်ကန်မှသာ ​မောင်းတံပွင့်​ပေမည်။ အကူအညီလိုပါက သတင်းအချက်အလက်ဂိတ်များတွင်အကူအညီ​တောင်းနိုင်သည်။

ဆက်စပ် ဖတ်ရှုရန်

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya