ဘယ်လ်ဂျီယမ်နိုင်ငံ

ကိုဩဒိနိတ်: 50°50′N 4°00′E / 50.833°N 4.000°E / 50.833; 4.000

ဘယ်လ်ဂျီယံ ဘုရင့်နိုင်ငံ
ဘယ်လ်ဂျီယမ်နိုင်ငံ၏ အလံတော်
အလံတော်
ဘယ်လ်ဂျီယမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Eendracht maakt macht" (ဒတ်ချ်)
"L'union fait la force" (ပြင်သစ်)
"Einigkeit macht stark" (ဂျာမန်)
"Unity makes strength"
နိုင်ငံတော် သီချင်း: 
"La Brabançonne"
(အင်္ဂလိပ်: "The Brabantian")
 ဘယ်လ်ဂျီယမ်နိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်) – ဥရောပတိုက်အတွင်း  (အစိမ်းရောင် နှင့် မီးခိုးရင့်) – ဥရောပသမဂ္ဂတွင်  (အစိမ်းရောင်)
 ဘယ်လ်ဂျီယမ်နိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)

– ဥရောပတိုက်အတွင်း  (အစိမ်းရောင် နှင့် မီးခိုးရင့်)
– ဥရောပသမဂ္ဂတွင်  (အစိမ်းရောင်)

မြို့တော်
နှင့် အကြီးဆုံးမြို့
ဘရပ်ဆဲလ်မြို့
50°51′N 4°21′E / 50.850°N 4.350°E / 50.850; 4.350
ရုံးသုံး ဘာသာစကားများဒတ်ချ်ဘာသာ
ပြင်သစ်ဘာသာ
ဂျာမန်ဘာသာ
ကိုးကွယ်မှု
လူမျိုး
အစိုးရဖက်ဒရယ် ပါလီမန်
စည်းမျဉ်းခံဘုရင်စနစ်[]
ဖီးလစ်ပ်
ဘား ဒီ ဝီဗာ
ဥပဒေပြုလွှတ်တော်ဖက်ဒရယ် ပါလီမန်
ဘယ်လ်ဂျီယမ် အထက်လွှတ်တော်
ဘယ်လ်ဂျီယမ် အောက်လွှတ်တော်
လွတ်လပ်ရေး (နယ်သာလန်မှ)
• ကြေညာခဲ့
၁၈၃၀ ခုနှစ် အောက်တိုဘာလ ၄ ရက်
၁၈၃၉ ခုနှစ် ဧပြီလ ၁၉ ရက်
ဧရိယာ
• စုစုပေါင်း
၃၀,၆၈၉[] km2 (၁၁,၈၄၉ sq mi) (အဆင့်: ၁၃၆)
• ရေထု (%)
၀.၇၁ (၂၀၁၅ ခုနှစ်အရ)[]
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
Neutral increase ၁၁,၄၉၂,၆၄၁[] (အဆင့် - ၈၂)
• သိပ်သည်းမှု
၃၇၆/km2 (၉၇၃.၈/sq mi) (အဆင့် - ၂၂)
GDP (PPP)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$၅၇၅,၈၀၈,၀၀၀,၀၀၀[] (အဆင့် - ၃၆)
• Per capita
$၅၀,၁၁၄[] (အဆင့် - ၁၈)
GDP (nominal)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$၅၀၃,၄၁၆,၀၀၀,၀၀၀[] (အဆင့် - ၂၆)
• Per capita
$၄၃,၈၁၄[] (အဆင့် - ၁၆)
Gini (၂၀၁၈) ၂၅.၆[]
နိမ့်
HDI (၂၀၁၉)Increase ၀.၉၁၉[]
အလွန်မြင့် · ၁၇
ငွေကြေးယူရို () (EUR)
အချိန်ဇုန်CET (UTC+1)
• နွေရာသီ (DST)
CEST (UTC+2)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၃၂
Internet TLD.be
  1. The flag's official proportions of 13:15 are rarely seen; proportions of 2:3 or similar are more common.
  2. The Brussels region is the de facto capital, but the City of Brussels municipality is the de jure capital.[]
  3. အခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် မျှဝေသုံးစွဲရန်အတွက် .eu ဒိုမိန်းကိုလည်း အသုံးပြုသည်။

ဘယ်လ်ဂျီယံနိုင်ငံ ၏ တရားဝင်အမည်မှာ ဘယ်လ်ဂျီယံ ဘုရင့်နိုင်ငံဖြစ်သည်။ အနောက်ဥရောပရှိ အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခု ဖြစ်၍ ဘယ်လ်ဂျီယမ် ဘုရင်မင်းမြတ်သည် ဖီးလစ်ပ် ဘုရင် ဖြစ်သည်။[] ဥရောပသမဂ္ဂ ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသောတိုင်းပြည်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ဥရောပသမဂ္ဂ၊ နေတိုး နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများစွာတို့အတွက် ဌာနချုပ်ရုံးများ တည်ရှိရာ တိုင်းပြည်လည်းဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၃၀၅၂၈ ကျယ်ဝန်းပြီး၊ လူဦးရေ စုစုပေါင်း ၁၀.၈သန်းခန့်ရှိသည်။ ဂျာမန်ယဉ်ကျေးမှုနှင့် လက်တင်ဥရောပ ယဉ်ကျေးမှုနှစ်ရပ်ကြားရှိနိုင်ငံဖြစ်သောကြောင့် ဘယ်လ်ဂျီယံသားတို့တွင် ဘာသာစကားမျိုးစုံ ပြောဆိုကြသည်။ အဓိကအားဖြင့် ဒတ်ခ်ျစကားပြော ဖလင်းမစ်ရှ်လူမျိုး နှင့် ပြင်သစ်စကားပြော ဝါလွန်း လူမျိုး တို့ဖြစ်ပြီး ဂျာမန်စကားပြောများလည်း အနည်းငယ်ရှိသေးသည်။ ဘယ်လ်ဂျီယံ၏ အကြီးဆုံးဒေသကြီးများမှာ ဒတ်ခ်ျစကားပြော ဖလင်းမစ်ရှ်လူမျိုးများနေထိုင်ရာ နိုင်ငံမြောက်ပိုင်းရှိ ဖလန်းဒါးစ်နယ် နှင့် ပြင်သစ်စကားပြော ဝါလွန်းလူမျိုးများနေထိုင်ရာ နိုင်ငံတောင်ပိုင်းရှိ ဝါလိုနီးယားနယ် တို့ဖြစ်ကြသည်။ မြို့တော်ဖြစ်သော ဘရပ်ဆဲလ်တွင် ပြင်သစ်စကားပြော ဖလင်းမစ်ရှ်လူမျိုးက အများစုဖြစ်သည်။ ဂျာမန်စကားပြော လူနည်းစုကမူ ဝါလိုနီးယားနယ်၏ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။ [၁၀][၁၁][၁၂] ဘယ်လ်ဂျီယမ်၏ ဘာသာစကားကွဲပြားမှုကြောင့် နိုင်ငံရေးနှင့်ယဉ်ကျေးမှုပဋိပက္ခများကို ဖြစ်ပေါ်စေပြီး အစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ပုံများမှာ အနည်းငယ်မျှ ရှုပ်ထွေး‌နေသည်။ [၁၃]

ဘယ်လ်ဂျီယမ်ဟူသော ဝေါဟာရမှာ ဂယ်လီယာ ဘယ်လ်ဂျီကာ ဟူသော စကားလုံးမှ ဆင်းသက်လာခဲ့သည်။ ရောမအင်ပါယာခေတ်က မြောက်ဘက်အစွန်ဆုံးကျသော ဘယ်လ်ဂျေးလူမျိုးများ နေထိုင်ရာ ဂေါလ်နယ် ဖြစ်သောကြောင့် ယင်းသို့ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ဘယ်လ်ဂျေးလူမျိုးဟူသည်မှာ ဆဲ့လ်ထ် လူမျိုးနှင့် ဂျာမန်အနွယ် လူမျိုးများ သွေးနှောရာမှ ပေါက်ပွားလာခဲ့ခြင်းဖြစ်သည်။ [၁၄] သမိုင်းကြောင်းအရ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နိုင်ငံနှင့် လူဇင်ဘတ်နိုင်ငံ အစရှိသည့် (၃)နိုင်ငံကို နိုင်ငံကျ ဟုခေါ်ဆိုခဲ့ကြသည်။ အလယ်ခေတ်အကုန်မှ ၁၇ရာစုနှစ်အတောအတွင်း ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးစည်ကားရာ ဒေသဖြစ်ခဲ့သည်။ ၁၆ရာစုနှစ်မှ ၁၈၃၀ ဘယ်လ်ဂျီယမ်တော်လှန်ရေး ကာလအထိ ယင်းဒေသတွင် ဥရာပမှ အင်အားကြီးနိုင်ငံတို့၏ စစ်မက်ဖြစ်ပွားရာ စစ်တလင်းပြင် ဖြစ်ခဲ့သည်။ [၁၅]

သမိုင်း

၁၈၃၀ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ လွတ်လပ်ရေးရရှိပြီ ၁၈၃၉ ခုနှစ်တွင် ဘယ်လ်ဂျီယမ်ဘုရင့်နိုင်ငံအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင် စက်မှုတော်လှန်ရေးကို တက်ကြွစွာဆင်နွှဲခဲ့သည်။ [၁၆] ၂၀ရာစုခေတ်တွင် အာဖရိကတွင် ဘယ်လ်ဂျီယမ်ကိုလိုနီနယ်များ အများအပြားပိုင်ဆိုင်ခဲ့သည်။ [၁၇]၂၀ရာစုနောက်ပိုင်းတွင် ယဉ်ကျေးမှု မတူခြင်းနှင့် ဖလန်းဒါးစ်နယ်၏ စီးပွားရေး မညီမျှခြင်းတို့ကြောင့် ဖလင်းမစ်ရှ် နှင့် Francophones (ပြင်သစ်စကား​​ပြော) တို့ကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ယင်းပဋိပက္ခများမှာ ယခုချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယခင်က စည်းလုံးညီညွတ်ခဲ့သော ဘယ်လ်ဂျီယမ်ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် အခက်အခဲများရှိနေစေသည်။ ကမ္ဘာစစ်ကြီးနှစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဘယ်လ်ဂျီယမ်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ပိုတက်လာခဲ့သည်။ ၁၉၇၀ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်အကြားတွင် ဖက်ဒရယ်တည်ဆောက်ပုံစနစ်အသစ်သို့ ပြောင်းလဲတည်ဆောက်ခဲ့သည်။ ဥရောပသမဂ္ဂ တည်ထောင်သူနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခဲ့သည်။ [၁၈]

ပထဝီ

ဘယ်လ်ဂျီယမ်နိုင်ငံသည် နယ်သာလန်၊ ဂျာမနီလူဇင်ဘတ်နှင့် ပြင်သစ်တို့နှင့် နယ်နိမိတ်ချင်းဖြစ်သည်။ မြို့တော် ဘရပ်ဆဲလ်မြို့သည် ဥရောပသမဂ္ဂ စသောနိုင်ငံတကာအဖွဲ့အစည်းများစွာ၏ ရုံးချုပ်ဖြစ်သည်။ လူဦးရေ ၁၁ သန်းကျော်ရှိပြီး၊ ပြင်သစ်၊ ဒတ်ချ်၊ ဂျာမန် ဘာသာများကို သုံးစွဲသည်။ ယူရိုငွေကြေးကို အသုံးပြုသည်။

ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆၀ ရာခိုင်နှုန်း၊ ဘာသာမဲ့ ၃၁ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၇ ရာခိုင် ရှိသည်။[၁၈]

အစိုးရ

ဘယ်လ်ဂျီယမ်နိုင်ငံသည် ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်သော စည်းမျဉ်းခံဘုရင်နိုင်ငံဖြစ်သည်။ လူမျိုးစုများ၊ ဒေသများ ဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုဖြစ်သည်။ ဖက်ဒရယ်အဆင့်မှာ နိုင်ငံတကာရေး၊ ကာကွယ်ရေး စသည့် အရေးကြီးကိစ္စကို အုပ်စိုးပြီး အုပ်စုများ၊ ဒေသများသည် ၎င်းတို့နှင့် သက်ဆိုင်ရာ ခွဲဝေကျင့်သုံးထားသောအာဏာကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သည်။ ဤအဆိုပါ အုပ်စုနှင့်ဒေသများသည် ရပ်တည်ချက်နှစ်ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ပထမရပ်တည်ချက်သည် ဘာသာစကားနှင့် ယဉ်ကျေးမှုပေါ်တွင် အခြေခံ၍ သတ်မှတ်ထားတော ဒတ်ချ်ဘာသာစကားပြောကြသော ဖလီမစ်ရှ် အုပ်စု၊ ပြင်သစ်ဘာသာစကားပြောကြသော ဝါလူးန် အုပ်စုနှင့် ဂျာမန်ဘာသာစကားပြောကြသော အုပ်စုဟူ၍ အုပ်စုသုံးစုခွဲခြား သတ်မှတ်သည်။ ဒုတိယရပ်တည်ချက်သည် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပထဝီဒေသအားဖြင့် ဖလန်းဒါး၊ ဝါလူးနီယားနှင့် ဘရပ်ဆဲလ်မြို့တော် ဒေသုံးခုဖြင့် ဖွဲ့စည်းထားရှိပါသည်။[၁၈][]

ဘုရင်စနစ်အောက်ရှိသော်လည်း အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်အပါအဝင် မျှတစွာ ခွဲဝေထားသည်။ ဆုံးဖြတ်ချက် များကို ဖီးလစ်ပ် ဘုရင်မင်းမြတ်၏ အမည်ကိုသုံး၍ စီရင်ချက် ချမှတ်ပါသည်။

ဥရောပသမဂ္ဂ ပါလီမန်အတွက်လည်း ဘယ်လ်ဂျီယမ်မှ ကိုယ်စားလှယ် ၂၁ ဦး ပါဝင်သည်။[၁၈]

ကိုးကား

  1. Government type: BelgiumThe World Factbook။ CIA။ 7 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2021 တွင် ပြန်စစ်ပြီး။
  2. be.STAT။ Bestat.statbel.fgov.be (26 November 2019)။
  3. Surface water and surface water change။ Organisation for Economic Co-operation and Development(OECD)။ ၁၅ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. Structuur van de bevolking (in nl)။ Statbel။ ၁၅ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ World Economic Outlook Databaseအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 1 October 2020 တွင် ပြန်စစ်ပြီး။
  6. Gini coefficient of equivalised disposable income – EU-SILC surveyEurostat။ 20 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 October 2019 တွင် ပြန်စစ်ပြီး။
  7. 2019 Human Development Index Ranking။ Hdr.undp.org။ 9 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2021 တွင် ပြန်စစ်ပြီး။
  8. The Belgian Constitution (PDF)။ Brussels, Belgium: Belgian House of Representatives။ May 2014။ p. 63။ 10 August 2015 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) 10 September 2015 တွင် ပြန်စစ်ပြီး
  9. ၉.၀ ၉.၁ "ဘယ်လ်ဂျီယံမှာ ဘုရင်သစ် နန်းတက်"၊ ဘီဘီစီ၊ ၂၁ ဇူလို်င် ၂၀၁၃။ 
  10. Leclerc, Jacques, , membre associé du TLFQ (18 January 2007)။ Belgique • België • Belgien—Région de Bruxelles-Capitale • Brussels Hoofdstedelijk Gewest (in French)။ L'aménagement linguistique dans le monde။ Host: Trésor de la langue française au Québec (TLFQ), Université Laval, Quebec။ 9 June 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2007 တွင် ပြန်စစ်ပြီး။
  11. McMillan, Eric (October 1999)။ The FIT Invasions of Mons (PDF)။ Capital translator, Newsletter of the NCATA, Vol. 21, No. 7, p. 1။ National Capital Area Chapter of the American Translators Association (NCATA)။ 23 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2007 တွင် ပြန်စစ်ပြီး။
  12. The German-speaking Community။ The German-speaking Community။ 30 May 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2007 တွင် ပြန်စစ်ပြီး။
  13. Morris, Chris။ "Language dispute divides Belgium"၊ BBC News၊ 13 May 2005။ 8 May 2007 တွင် ပြန်စစ်ပြီး 
  14. Bunson, Matthew (1994)။ Encyclopedia of the Roman Empire (Hardcover 352pp ed.)။ Facts on File, New York။ p. 169ISBN 081602135X Paperback 512pp, ISBN 0-8160-3182-7; Revised edition (2002), Hardcover 636pp, ISBN 0-8160-4562-3 |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)
  15. Haß, Torsten, Head of the Fachhochschule (University of Applied Sciences) of Kehl Library, Kehl, Germany (17 February 2003)။ Rezention zu (Review of) Cook, Bernard: Belgium. A History ISBN 0-8204-5824-4 (in German)။ FH-Zeitung (journal of the Fachhochschule)။ 9 June 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 May 2007 တွင် ပြန်စစ်ပြီး။
  16. Fitzmaurice, John, at the Secretariat-General of the European Commission, taught at the Université Libre de Bruxelles (1996)။ New Order? International models of peace and reconciliation—Diversity and civil society။ Democratic Dialogue Northern Ireland's first think tank, Belfast, Northern Ireland, UK။ 25 January 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 August 2007 တွင် ပြန်စစ်ပြီး။
  17. Karl, Farah (text); Stoneking, James (course) (1999)။ Chapter 27. The Age of Imperialism (Section 2. The Partition of Africa) (PDF)။ World History II။ Appomattox Regional Governor's School (History Department), Petersburg, Virginia, USA။ 25 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 August 2007 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ ၁၈.၂ ၁၈.၃ ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများ အပေါ်လေ့လာခြင်း (ဘယ်လ်ဂျီယမ်နိုင်ငံ) (၂၃ ဖေဖဝါရီ ၂၀၂၂)။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya