ကိုဩဒိနိတ် : 17°4′N 88°42′W / 17.067°N 88.700°W / 17.067; -88.700
ဘလိဇ်နိုင်ငံ ဆောင်ပုဒ်: "Sub Umbra Floreo" (လက်တင် ) "Under the shade I flourish" မြို့တော် ဘယ်လ်မိုပန်မြို့ 17°15′N 88°46′W / 17.250°N 88.767°W / 17.250; -88.767 အကြီးဆုံးမြို့ ဘလိဇ်မြို့ ရုံးသုံး ဘာသာစကားများ အင်္ဂလိပ် အသိအမှတ်ပြု ဘာသာစကားများ Belizean Creole Belizean Spanish Mayan languages (Q'eqchi' language, Mopan language, Yucatec Maya language) ဂျာမန် (Plautdietsch language, Standard German, Pennsylvania German language)Garifuna language တရုတ် [ ၁] လူမျိုးစု (၂၀၁၀) ၅၂.၉% မက်စတီဇို ၂၅.၉% ခရီအို ၁၁.၃% မာယာ ၆.၁% ဂါရီဖူနာ ၄.၈% ဥရောပ ၃.၉% အင်ဒီးယန်း ၁.၀% တရုတ် ၁.၂% အခြား ၀.၃% မသိရှိ ကိုးကွယ်မှု လူမျိုး Belizean အစိုးရ ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် ချားလ်စ် ဝေလမင်းသား ဖရိုလာ ဇာလမ် ဂျွန်နီ ဘရစ်ဆန်ညို ဥပဒေပြုလွှတ်တော် အမျိုးသားလွှတ်တော် ဆီးနိတ် House of Representatives လွတ်လပ်ရေးရ ယူနိုက်တက်ကင်းဒမ်း မှ• ကိုယ်ပိုင်အုပ်ချုပ်ရေး
၁၉၆၄ ခုနှစ် ဇန်နဝါရီ • လွတ်လပ်ရေး
၁၉၈၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက် ဧရိယာ • စုစုပေါင်း
၂၂,၉၆၆ km2 (၈,၈၆၇ sq mi)[ ၂] [ ၃] (အဆင့်: ၁၄၇ ) • ရေထု (%)
၀.၈ လူဦးရေ • ၂၀၂၀ ခန့်မှန်း
၄၁၉,၁၉၉[ ၄] (အဆင့် - ၁၇၆ ) • ၂၀၁၀ သန်းခေါင်စာရင်း
၃၂၄,၅၂၈[ ၅] • သိပ်သည်းမှု
၁၇.၇၉/km2 (၄၆.၁/sq mi) (အဆင့် - ၁၆၉ ) GDP (PPP ) ၂၀၁၉ ခန့်မှန်း • စုစုပေါင်း
$၃.၄၈၄ ဘီလီယံ[ ၆] • Per capita
$၉,၅၇၆[ ၆] GDP (nominal) ၂၀၁၉ ခန့်မှန်း • စုစုပေါင်း
$၁.၉၈၇ ဘီလီယံ[ ၆] • Per capita
$၄,၈၉၀[ ၆] Gini (၂၀၁၃) ၅၃.၁[ ၇] မြင့် HDI (၂၀၁၉) ၀.၇၁၆[ ၈] မြင့် · ၁၁၀ ငွေကြေး ဘလိဇ် ဒေါ်လာ (BZD )အချိန်ဇုန် CST (GMT-6)[ ၉] (UTC -6) ရက်စွဲပုံစံ dd/mm/yyyy ယာဉ်ကြောစနစ် ညာ တယ်လီဖုန်းကုဒ် +၅၀၁ Internet TLD .bz
ဘလိဇ်နိုင်ငံ (အင်္ဂလိပ်လို=Belize၊ ယခင်အခေါ်=ဘီလစ်ဇ်) သည် ယခင်က ဗြိတိသျှ ဟွန်ဒူးရပ်စ် (British Honduras) ဖြစ်ခဲ့ပြီး ယခုအခါ စည်းမျဉ်းခံဘုရင်စနစ် ဖြင့် အုပ်ချုပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ဗဟိုအမေရိက ၏ မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသည်။ လူမျိုးစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံရှိသည်။ ဘလိဇ်ဘာသာစကား နှင့် စပိန်ဘာသာ စကားတို့ကို ပြောဆိုကြသော်လည်း တရားဝင်ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်ဘာသာ စကား ဖြစ်သည်။ ဗဟိုအမေရိကတွင် အင်္ဂလိပ်စာကို ရုံးသုံးအဖြစ် ပြဋ္ဌာန်းထားသော တစ်ခုတည်းသော တိုင်းပြည်ဖြစ်သည်။ မြောက်ဘက်တွင် မက္ကဆီကိုနိုင်ငံ ၊ တောင်ဘက်နှင့်အနောက်ဘက်တွင် ဂွာတီမာလာနိုင်ငံ ၊ အရှေ့ဘက်တွင် ကရစ်ဘီယံပင်လယ် တို့နှင့် ထိစပ်နေသည်။
၈,၈၆၇ စတုရန်းမိုင် (၂၂၉၆၀စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး လူဦးရေ ၃၃၃,၂၀၀ ခန့်ရှိသည်။ [ ၁၀] ဗဟိုအမေရိကနိုင်ငံများထဲတွင် လူနေသိပ်သည်းမှုအနည်းဆုံးတိုင်းပြည်ဖြစ်သည်။ အမေရိကတိုင်းပြည်အားလုံးထဲတွင်တွင် ဂိုင်ယားနားနိုင်ငံ နှင့် ဆူရီနမ်နိုင်ငံ တို့နောက်မှ တတိယမြောက် လူနေသိပ်သည်းမှု အနည်းဆုံး တိုင်းပြည်ဖြစ်သည်။ [ ၁၁] လူဦးရေတိုးပွားနှုန်းမှာ ၂၀၀၈ခုနှစ်ခန့်မှန်းစာရင်းအရ ၂.၂၁% ရှိသည်။ အနောက်ကမ္ဘာခြမ်းတွင် လူဦးရေတိုးပွားနှုန်း အများဆုံးတိုင်ပြည်ဖြစ်သည်။ ကုန်းနေရေနေသတ္တဝါများပေါများခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမျိုးကွဲများ ပေါများခြင်းကြောင့် Mesoamerican Biological Corridor အဖြစ် ထင်ရှားသည်။ [ ၁၂]
ဗြိတိသျှကိုလိုနီခေတ်က အမွေအနှစ်များကြောင့် ယဉ်ကျေးမှုအရလည်း ဒေသတွင်းတွင် တစ်မူထူးခြားသောတိုင်းပြည်ဖြစ်သည်။ ကရစ်ဘီယံဒေသ၏ အနောက်ပိုင်းဖြစ်သောကြောင့်လည်း ကရစ်ဘီယံဒေသတွင်းရှိ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများလည်း ရောယှက်နေသည်။ ယေဘုယျအားဖြင့် ဘလိဇ်သည် ကရစ်ဘီယံနှင့် လက်တင်အမေရိကယဉ်ကျေးမှုများကို ဆက်စပ်ပေါင်းကူးပေးရာ ဗဟိုအမေရိက နိုင်ငံတစ်ခုဖြစ်သည်။
ကိုးကား