ဘာမင်ဂမ်မြို့

ဘာမင်ဂမ်မြို့ မြင်ကွင်း

ဘာမင်ဂမ်မြို့သည် အင်္ဂလန်နိုင်ငံ ဝက်စ်မစ်ဒ်လန်း ကောင်တီတွင် ရှိသော မြို့ကြီး တစ်မြို့ဖြစ်သည်။ ဗြိတိသျှ မြို့တော်များထဲတွင် လန်ဒန်ပြီးလျှင် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ၂၀၀၉ ခုနှစ် ခန့်မှန်းချက် အရ လူဦးရေ ၁,၀၂၈,၇၀၁ ဦး ရှိသည်။ ယူနိုက်တက်ကင်းဒမ်း တွင် ဒုတိယလူဦးရေအများဆုံး မြို့ပြဧရိယာဖြစ်သော ဝက်စ်မစ်ဒ်လန်း ဒေသ၏ အလယ်တွင် ရှိသည်။

အလယ်ခေတ် ကာလက အလယ်အလတ်စား ဈေးမြို့တစ်မြို့ ဖြစ်ခဲ့ပြီး ၁၈ ရာစုတွင် စက်မှုတော်လှန်ရေး နှင့် မစ်ဒ်လန်းဒေသ ယဉ်ကျေးမှုတော်လှန်ရေးတို့ကြောင့် နိုင်ငံတကာတွင် ထင်ရှားသော မြို့ ဖြစ်လာခဲ့သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya