ဘာ့သိုလိုမျူး (ဘရာဂါ)

ဘာ့သိုလိုမျူး ဖာနန်ဒတ် (Bartolomeu Fernandes) သည် ဘရာဂါမှ ဘာ့သိုလိုမျူး (ပေါ်တူဂီ: Bartholomew of Braga ၁၅၁၄ မေ ၃ - ၁၅၉၀ ဇူလိုင် ၁၆) အမည်ဖြင့် ထင်ရှားသော ပေါ်တူဂီသား ရိုမန်ကတ်သလစ်ဘာသာဝင်ဖြစ်ပြီး တရားဟောရှင်တံဆိပ်တော်ရ ဘရာဂါရှိ ဂိုဏ်းထောက်ဘုရားကျောင်း၏ ဂုဏ်ထူးဆောင် ဂိုဏ်းထောက်ဘုန်းကြီးတည်း။ ထရန့်ကောင်စီ (Council of Trent) တွင် ပါဝင်ပြီး အလားတူကောင်စီဝင် ချား ဘော်ရိုမီယိုနှင့် ပူးတွဲကာ ဆေးရုံနှင့် လူနာဆောင် အများကို ဘရာဂါတွင် ဆောက်ခဲ့သည်။ ထိုကာလတွင် ခရစ်ယာန်ဘာသာအကြောင်း အမေးအဖြေစာအုပ်များအပါအဝင် အခြားစာအုပ်တို့ကို ထုတ်ဝေ၏။

ဖာနန်ဒတ်ကို သူတော်စင်အဖြစ် စာရင်းသွင်းသည့် အစမှာ ၁၇၅၄ ခု၊ စက်တင်ဘာလ ၁၁ ရက်တွင် ပုပ်ရဟန်းမင်း ဘန်နတ်ဒစ် (၁၉) က ဘုရားသခင်၏အလုပ်အကျွေးအဖြစ် သတ်မှတ်စဉ်က ဖြစ်သည်။ နောက် ၁၈၄၅ ခု၊ မေလ ၂၃ ရက်တွင် ပုပ်ရဟန်းမင်း ဂရီဂိုရီ (၁၆) က လေးစားဘွယ်ပုဂ္ဂိုလ်အဖြစ် စာရင်းပြောင်းထည့်၏။ ပုပ်ရဟန်းမင်း ဂျွန်ပေါ (၂) က ဖာနန်ဒတ်ကို ၂၀၀၁ ခု၊ နိုဝင်ဘာလ ၄ ရက်တွင် စိန့်ပီတာရင်ပြင်၌ ကောင်းချီးပေးသည်။ ရိုမန်ကတ်သလစ်ဘာသာလုံးဆိုင်ရာ သူတော်စင်အဖြစ် အသိအမှတ်ပြုရန် လိုသေးသည့်အတွက် ပုပ်ရဟန်းမင်း ဖရန်စစ်က ၂၀၁၉ ခု၊ ဇူလိုင်လ ၅ ရက်တွင် ကောင်းချီးပေးပွဲ လုပ်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya