ဘီတာအမှုန်

ဘီတာအမှုန်ကို တခါတရံ ဘီတာရောင်ခြည် ဟုလည်းခေါ်သည်။ ၎င်းကို ဂရိအက္ခရာအသေး ဘီတာ(β)ဖြင့် အမှတ်အသားပြုသည်။ ဘီတာအမှုန်သည် စွမ်းအင်နှင့် မြန်နှုန်းမြင့်မားသော အီလက်ထရွန် သို့မဟုတ် ပိုစီထရွန် အမှုန်ဖြစ်သည်။ ၎င်းကို ပိုတက်စီယမ်-၄၀ ကဲ့သို့ အက်တမ်နျူကလိယများ ရေဒီယိုသတ္တိကြွပြိုကွဲမှု ဖြစ်သည့်အခါတွင် ထုတ်လွှတ်သည်။ ဤဖြစ်စဉ်ကို ဘီတာပြိုကွဲခြင်း ဟုခေါ်သည်။ ဘီတာပြိုကွဲခြင်း ပုံစံမှာ β နှင့် β+ဟူ၍ နှစ်မျိုးရှိရာ ပထမတစ်မျိုးသည် အီလက်ထရွန် ကိုထုတ်လွှတ်ပြီး ဒုတိယတစ်မျိုးသည် ပိုစီထရွန်(ဆန့်ကျင်အီလက်ထရွန်) ကိုထုတ်လွှတ်သည်။ ဘီတာအမှုန်များသည် အိုင်ယွန်ပြုရောင်ခြည်အမျိုးအစား ဖြစ်သည်။


ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya