ဘီဘီ အိုက်ရှာဘီဘီ အိုက်ရှာ (Dari: بي بي عایشه ) သည် အမေရိကန်နိုင်ငံသားဖြစ်လာသော အာဖဂန်သူ ဖြစ်သည်။ ဘီဘီသည် အရွယ်ရောက်ပြီးသောမိန်းကလေးကို ခေါ်ခြင်းဖြစ်ပြီး မိန်းမလှဟူလည်း အဓိပ္ပာယ်ရသည်။ အမည်ရင်းမှာ အိုက်ရှာ မိုဟာမက်ဇိုင် ဟူ၏။ ဆယ်ကျော်သက်ဘဝတွင် အိမ်ထောင်ချပေးရာ ထွက်ပြေးသဖြင့် ယောက်ျားဘက်မှ လိုက်လံဖမ်းဆီးပြီး အကျဉ်းချ၊ ရိုက်နှက် နားနှာခေါင်းဖြတ်ပြီး သွေးလွန်သေဆုံးစေရန် ပစ်ထားခြင်း ခံရသည်။ လူမှုဝန်ထမ်းများက တွေ့သဖြင့် ကယ်ဆယ်ရာ သူ့ဇာတ်လမ်းမှာ အမေရိကန်သတင်းများတွင် တာလီဘန်တို့၏ အမျိုးသမီးများအပေါ် ပြုမူမှုများကို ဥပမာပြုသည့်အနေဖြင့် ဖော်ပြသည်။ ၂၀၁၄ ခုတွင် မေရီလန်းနေ အမေရိကန်ရောက် အာဖဂန်မိသားစုတခုမှ မွေးစားကာ ပျက်စီးသောမျက်နှာကို ခွဲစိတ်ပြုပြင်ပေး၏။ [၁] ငယ်ဘဝအာဖဂန်နစ္စတန်၌ မွေးသည်။ ငယ်စဉ်ကပင် မိခင်မရှိတော့။ အသက် ၁၂ နှစ်အရွယ်တွင် မိသားစုဝင်တဦးက လူသတ်မှုကျူးလွန်မိရာ အိုက်ရှာ၏ဖခင်က အိုက်ရှာကို အလျော်အဖြစ် ပေးသည်။ [၂] သို့ဖြင့် အသက် ၁၄ နှစ်အရွယ်တွင် အိမ်ထောင်ကျသည်။ ခင်ပွန်းဖြစ်သူရော သူ၏မိသားစုကပါ နှိပ်စက်သဖြင့် အသက် ၁၈ နှစ်ရောက်သော် ထွက်ပြေးသည်။ ရဲမှဖမ်းမိကာ ထောင် ၅ လ ချပြီး ဖခင်အိမ်သို့ ပြန်ပို့သည်။ ဖခင်က အိုက်ရှာ့ခင်ပွန်းအိမ် ထပ်ပို့သည်။ ယင်းသို့ အိမ်မှထွက်ပြေးသည့်အတွက် ယောက္ခထီး၊ ခင်ပွန်းနှင့် ယင်းဘက်မှ အမျိုးသား ၃ ယောက်တို့က အိုက်ရှာကို တောင်တန်းတို့ဘက် ခေါ်သွားကာ နားနှာခေါင်းဖြတ်ပြီး သေစေေရန် ထားခဲ့သည်။ အိုက်ရှာသည် အဘိုးဖြစ်သူအိမ်သို့ တွားသွားကာ အကူတောင်းသော်လည်း ငြင်းသဖြင့် ကြံရာမဲ့ကာ အမေရိကန်စစ်အခြေစိုက်စခန်းသို့ သွားရာ ချမ်းသာရာရသည်။ [၃] အမေရိကန်သတင်းများတွင် ပါလာခြင်းအိုက်ရှာ့ဇာတ်လမ်းကို ဒေးလီးဘိသတင်းဝက်ဘဆိုက်မှ ၂၀၀၉ ခု၊ ဒီဇင်ဘာလတွင် စဖော်သည်။ ဆရာဝန်များကိုလည်း အခမဲ့ခွဲစိတ်ပေးရန် အဆိုပြုသည်။ ကာလီဖိုးနီးယားရှိ ဂရော့မန်းဘန်းဖေါင်ဒေးရှင်းမှ အကူအညီပေးရန် ကတိပြုပြီး ၂၀၁၀ ပြည့်၊ နွေဦးရာသီတွင် အမေရိကန်သို့ လာကုရသည်။ ၂၀၁၀ ပြည့်၊ မတ်လတွင် အေဘီစီသတင်းဌာနမှ ဒိုင်ယိန်းဆောယာက အိုက်ရှာနှင့် မေးမြန်းခန်းပြုသည်။ [၄] ၂၀၁၀ ပြည့်၊ ဩဂုတ်လတွင် တိုင်းမဂ္ဂဇင်းက "အာဖဂန်အမျိုးသမီးများနှင့် တာလီဘန်တို့ပြန်လာချိန်" ခေါင်းစီးဖြင့် အိုက်ရှာ့အကြောင်းကို ဖော်ပြရာ နိုင်ငံတကာ၌ လူပြောသူပြောများခဲ့သည်။ [၅] ထိုဓာတ်ပုံကို ရိုက်ကူးသည့် ဓာတ်ပုံဆရာ ဂျိုဒီဘီဘာက ၂၀၁၀ အတွက် ကမ္ဘာ့ပုံနှိပ်ဓာတ်ပုံဆု ရသည်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia