ဘူဒါပတ်စ်မြို့
ဘူဒါပတ်စ်မြို့ (အင်္ဂလိပ်: Budapest; /ˈbuːdəpɛst/, ဟန်ဂေရီ အသံထွက်: [ˈbudɒpɛʃt] ( တည်ထောင်မှု သမိုင်းကြောင်းဘူဒါပတ်စ်မြို့ကို ၂ ရာစုနှစ်ခန့်ကစ၍ ရောမလူမျိုးတို့ တည်ထောင်ခဲ့ကြသည်။ ယခု အိုဗူးဒမြို့တည်နေရာတွင် တည်ရှိ၍ အက်ကွင်းကမ်းမြို့ဟူ၍ ခေါ်သည်။ ကဲလတစ်ဘာသာစကားဖြင့် အက်ကွင်းမြို့ဟူသည်မှာ ဆေးစမ်းဟု အဓိပ္ပာယ်ရ၏။ ယင်းမြို့၏ ပတ်ဝန်းကျင်တွင် ကျန်းမာရေးအတွက် အလွန်အဖိုးတန်သော နာမည်ကျော် ဆေးစမ်းများ ရှိသောကြောင့် ဖြစ်သည်။ ခရစ်နှစ် ၃၇၆ ခုနှစ် လွန်သောအခါ ဟန်း၊ အောစတြိုဂေါ့သ၊ အဗား၊ ဆလဗ စသော လူမျိုးများ အဆက်ဆက် ဝင်ရောက်နေထိုင်ကြကာ ဗူးဒနှင့် ပက်မြို့များ ပေါ်ပေါက်လာသည်။ ၁၃၆၁ ခုနှစ်တွင် ဗူးဒမြို့သည် ဟန်ဂေရီနိုင်ငံ၏ မြို့တော် ဖြစ်လာသည်။ ![]() ၁၅၂၆ ခုနှစ်မှ ၁၆၈၆ ခုနှစ်အထိ မကြာခဏဆိုသလိုပင် တူရကီတို့က သိမ်းပိုက်ထားခဲ့သည်။ ၁၈၀၀ ပြည်နှစ်နောက်ပိုင်းတွင် ပက်မြို့သည် ဗူးဒမြို့ထက် ပို၍ စည်ကား ဖွံ့ဖြိုးလာသည်။ ၁၈၇၂ ခုနှစ်တွင် ဗူးဒမြို့နှင့် ပက်မြို့ကို ပေါင်း၍ ဗူးဒပက်မြို့ဟု မှည့်ခေါ်သည်။ ထိုအချိန်မှစ၍ ဗူးဒပက်မြို့သည် ဒီရေအလား တိုးတက်စည်ကား လာခဲ့သည်။ ဒန်းညုမြစ်ပေါ်၌ ဗီယင်းနားမြို့မှ လွဲလျှင် ဗူးဒပက်မြို့သည် အကြီးဆုံး ဆိပ်ကမ်းမြို့ ဖြစ်၍ သင်္ဘောများစွာ ဥဒါဟို ဝင်ထွက် သွားလာနိုင်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ၁၉၄၄-၄၅ ခုနှစ်တွင် ဗူးဒပက်မြို့ထဲ၌ ဂျာမန်နှင့် ရုရှားစစ်တပ်များ အတန်ကြာ တိုက်ပွဲဖြစ်ပွားရာ မြို့သည် များစွာ ပျက်ဆီးသွားသဖြင့် ပြန်လည် ထူထောင်ရလေသည်။ ![]() ထင်းရှားသော အဆောက်အဦးများဘူဒါပတ်စ်မြို့တွင် ရှေးဟောင်းနှင့် ခေတ်သစ် အဆောက်အအုံ အများအပြား ရှိသည်။ အထူးသဖြင့် ဗူးဒမြို့တွင် ရှေးက ဆောင်လုပ်ခဲ့သော ဘုရင့်နန်းတော်၊ ဘိသိက်ခံ ဘုရားရှိခိုးကျောင်း စသည့် ရှေးဟောင်း အဆောကအအုံများ ရှိ၍ ပက်မြို့ဖက်တွင်မူ စက်မှုလုပ်ငန်းနှင့် အရောင်းအဝယ်ဌာနများရှိရာ၊ ခေတ်မှီအဆောက်အအုံများဖြင့် စည်ကားလျက် ရှိသည်။ ပါလီမန်လွှတ်တော်နှင့် ဟန်ဂေရီနိုင်ငံ၏ အထင်ရှား အကြီးအကျယ်ဆုံးသော ဗူးဒပက်တက္ကသိုလ် အဆောက်အုံတို့သည် ပက်မြို့ဖက်၌ တည်ရှိသည်။ ဥရောပတိုက်ရှိ အလှပဆုံးသော လမ်းတလမ်း ဖြစ်သည့် အန္ဒရာစီစကြာစီလမ်းသည် ပက်မြို့၌ ရှိသည်။ ဘူဒါပတ်စ်မြို့သည် ဟန်ဂေရီ တနိုင်ငံလုံးမှသာမက ပတ်ဝန်းကျင် နိုင်ငံများဖြစ်သော ရုရှားနိုင်ငံ၊ ချက်ကိုဆလိုဗားကီးယားနိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ယူဂိုဆလားဗီးယားနှင့် ရူမေးနီးယားနိုင်ငံတို့မှ လာသော မီးရထားလမ်းတို့ ဆုံရာ မြို့ကြီးဖြစ်သည်။ ထို့ကြောင့် ဘူဒါပတ်စ်မြို့၏ အဓိက လုပ်ငန်းဖြစ်သော ဂျုံစပါး၊ အရက်၊ ဆေးရွက်၊ သားရေ၊ လျှော်နှင့် ကျွဲနွား မွေးမြူရေး စသည့် လုပ်ငန်းကြီးများမှ ထွက်သော ကုန်စ္စည်းများကို မီးရထားလမ်းနှင့် တဖုံ၊ ဒန်းညုမြစ်တလျှောက် ရေလမ်းဖြင့် တသွယ် နိုင်ငံအရပ်ရပ်သို့ တင်ပို့နိုင်သည်။ ဘူဒါပတ်စ်မြို့ သည် ပထမဆုံးသော မြေအောက် ထရောလီလမ်းကို ဖောက်လုပ်ခဲ့သည့် မြို့ ဖြစ်လေသည်။ ဥရောပတိုက် တစ်တိုက်လုံးတွင် အကြီးဆုံးသော လျှပ်စစ်လုပ်ငန်းကြီးများ ဘူဒါပတ်စ်မြို့တွင် ရှိသည်။ ![]() လူဦးရေ၁၉၆၀ ပြည့်နှစ် ခန့်မှန်းခြေအရ ဘူဒါပတ်စ်မြို့၏ လူဦးရေသည် ၁၈၀၇ ၂၉၉ ယောက်ဖြစ်သည်။ ယင်းတို့အနက် ၉၀ ရာခိုင်နှုန်းသည် ဟန်ဂေရီ လူမျိုးများ ဖြစ်၍ နိုင်ငံခြားသား အလွန်နည်းခဲ့သည်။ ယခုအခါ ဗူးခရက်မြို့၏ လူဦးရေမှာ ၂၀၁၀ ခုနှစ် စစ်တမ်းအရ ၁,၇၂၁,၅၅၆ ယောက် ဖြစ်သည်။ [၃] [၄]
ဘူဒါပတ်စ်မြို့၏ လှပသော ဓာတ်ပုံများ
ကိုးကား
ပြင်ပ အဆက်သွယ်များ
|
Portal di Ensiklopedia Dunia