ဘော်နီယိုကျွန်း

ဘော်နီယိုကျွန်း တည်နေရာ

ဘော်နီယိုကျွန်း (မလေးအခေါ် ဘော်နီယို၊ အင်ဒိုနီးရှား အခေါ် ကာလီမန်တန်) ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံးကျွန်း ဖြစ်ပြီး ဩစတေးလျနိုင်ငံ၏ မြောက်ဘက်တွင် တည်ရှိကာ အရှေ့တောင် အာရှ ရေကြောင်းပိုင်နက်၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ဘော်နီယိုကျွန်းကို ဘရူနိုင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှ ခွဲဝေ၍ ပိုင်ဆိုင်သည်။ ခန့်မှန်းခြေအားဖြင့် ကျွန်း၏ ၇၃ ရာခိုင်နှုန်းမှာ အင်ဒိုနီးရှား နိုင်ငံ၏ နယ်နိမိတ်တွင် ရှိသည်။ မြောက်ဘက်တွင် ရှိသော မလေးရှား နိုင်ငံ ဆာဘားပြည်နယ်နှင့် ဆာရာဝပ် ပြည်နယ်တို့သည် ကျွန်း၏ ၂၆ ရာခိုင်နှုန်းမျှသော နေရာကိုယူထားသည်။ မြောက်ဘက် ကမ်းရိုးတန်း ဒေသတွင်ရှိသော ဘရူနိုင်းနိုင်ငံမှာ ဘော်နီယိုကျွန်း၏ ၁ ရာခိုင်နှုန်းမျှသော မြေနေရာပေါ်တွင် တည်ရှိသည်။ ၎င်းတွင် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော သစ်တောရှိပြီး ဘရာဇီးနိုင်ငံ ရှိ အမေဇုန်တောအုပ် ထက်ပင် ရှေးကျသည်ဟု ဆိုကြသည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya