မင်းခမောင်း
မင်းခမောင်း (ရခိုင်အသံထွက်: [máɴ kʰa̰ máʊɴ]; ၁၅၅၇ - c. မေ ၁၆၂၂)သည် မြောက်ဦးနေပြည်တော်ကို ၁၆၁၂ မှ ၁၆၂၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။ အစောပိုင်းဘဝမင်းခမောင်းမင်းသားကို အဖ အိမ်ရှေ့ဥပရာဇာ သတိုးဓမ္မရာဇာ နောင်တွင်မင်းရာဇာကြီးဘုရင်ဖြစ်လာမည့်သူ နှင့် အမိ အိမ်ရှေ့မိဖုရား ပဉ္စလစန္ဒာ တို့က အေဒီ ၁၅၇၇ ခုနှစ်တွင် လေးမြို့မြစ် မြစ်ဖြား မြစ်ကမ်းဘေးတွင်ရှိသည့် ခမောင်းဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ ဘိုးဘော် မင်းဖလောင်း ဘုရင်ကြီး လေးမြို့မြစ်ဖြားသို့ ရေပွဲသဘင် သွားစဉ် ခမောင်းဆိပ်ကျေးရွာအနီး ယာယီတဲနန်းတွင် မွေးဖွားခဲ့သောကြောင့် မောင်ခမောင်းဟု ခေါ်ထွင်ခဲ့ရာမှ နောင်တွင် မင်းခမောင်းနာမည်တွင်လာခဲ့သည်။ ထိုစဉ်က အိမ်ရှေ့ဥပရာဇာဖြစ်သူ နောင်တွင် မင်းရာဇာကြီးဘုရင်ဖြစ်လာသူ၏ သားတော် သမီးတော်များအနက် အကြီးဆုံးဖြစ်သည်။ ဘုရင်ဘဝမင်းခမောင်းသည် ဖခင် မင်းရာဇာကြီး ၁၆၁၂ ခုနှစ်တွင် ကွယ်လွန်ပြီးနောက် မြောက်ဦးထီးနန်းကို ဆက်ခံခဲ့သည်။ မင်းခမောင်းလက်ထက်တွင် ပထမဦးဆုံးအနေဖြင့် အနောက်မြောက်ပိုင်းရှိ ဘင်ဂေါဒေသသို့ နယ်မြေချဲ့ထွင်ရာ မဂိုအင်ယာနှင့် တိုက်ရိုက်ထိတွေ့ပြီး စစ်ပွဲများစတင်ခဲ့ရသည်။ တခြားတဘက်တွင်လည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှကျွန်းများကို အခွန်ကောက်ခံရာမှ နယ်မြေအငြင်းပွားမှုနှင့် ဒုတိယအင်းဝဘုရင် ညောင်ရမ်းမင်းဆက် အနောက်ဘက်လွန်မင်းမှ ပြန်လည်တုန့်ပြန်လာသည့် ကျူးကျော်စစ်ကို တိုက်ထုတ်နိုင်ရန် ဘင်္ဂလားဒေသမှ အပြင်းပြန်ဆုတ်ပြီး မာန်အောင်ကျွန်းအနီးတွင် အနောက်ဖက်လွန်၏ရေတပ်ကို တိုက်ထုတ်အောင်မြင်နိုင်ခဲ့သည်။ ဘင်ဂေါမြစ်ဝကျွန်းပေါ်ဒေသ သောင်းတီးကျွန်းတွင် ခြေကုတ်ယူထားသည့် ပေါ်တူဂီလူမျိုးလူစွန့်စား ဂွန်ဇာလက် တီဘာအို၏ ပေါ်တူဂီတပ်ဖွဲ့ဝင်များ၏ ပင်လယ်ဓားပြဆန်ဆန် ရခိုင်ကမ်းရိုးတန်းနှင့် ကုလားတန့်မြစ်ကြောင်းတလျှောက် ဝင်ရောက်တိုက်ခိုက်မှုကိုလည်း နှစ်စဉ်ကြုံတွေ့လာရရာ ဒတ်ခ်ျအိန္ဒိယကုမ္ပဏီနှင့် မဟာမိတ်လုပ်ပူးပေါင်းပြီး တီဘာအို နှင့် ဂိုအာမှ ပေါ်တူဂီအိန္ဒိယအင်ပါယာဘုရင်ခံချုပ်တို့၏ ရေတပ်၂ခု ပူးပေါင်းကျူးကျော်လာသည်ကိုလည်း အောင်မြင်စွာ တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့သည်။ အလားတူ မဂိုလ်အင်ပါယာဧကရာဇ် ဂျဟန်ဂီရ်မှ မဂိုလ်ဘင်္ဂလားဘုရင်ခံကို တာဝန်ပေး ကျူးကျော်စေခဲ့သည့် စစ်တကောင်းဒေသကို သိမ်းပိုက်ရန်ကြိုးစားခဲ့မှုများကိုလည်း အနိုင်ယူတိုက်ထုတ်နိုင်ခဲ့သည်။ ကွယ်လွန်ခြင်းမင်းခမောင်းသည် ထီးနန်းသက် နန်းစံ၁၀နှစ် အသက်၄၅နှစ်အရွယ်တွင် ကံကုန်ကွယ်လွန်ခဲ့သည်။ ကိုးကားကျမ်းပြုစာစုစာရင်း
|
Portal di Ensiklopedia Dunia