မင်းထင်ကိုကိုကြီး
မင်းထင်ကိုကိုကြီးသည် ရုပ်ရှင်ဒါရိုက်တာနှင့် ကဗျာဆရာ[၁] ဖြစ်သည်။[၂] ယင်းအပြင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ[၃] ကို တည်ထောင်သူလည်း ဖြစ်သည်။ ကဗျာခရီးလမ်း၁၉၉၀ခုနှစ်က စပြီး မဂ္ဂဇင်းများတွင် ကဗျာများ စရေးသည်။ ကိုကိုကြီး ( မြန်မာ့ရုပ်သံ)၊ သင့်ကိုကိုကြီး ( မြန်မာ့ရုပ်သံ)၊ မင်းဒင်ကိုကိုကြီးစသည့် ကလောင်အမည်များ သုံးခဲ့သည်။ ကဗျာအပြင် အက်ဆေးအချို့လည်း ရေးသည်။ မင်းထင်ကိုကိုကြီးအမည်ကို ၁၉၉၄ အောက်တိုဘာလထုတ် ရှေ့ပြေးမဂ္ဂဇင်းတွင် မျိုးကျော့မြိုင်ည ကဗျာဖြင့် စသုံးခဲ့သည်။ အနုပညာလမ်းခရီး၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးလာခဲ့သူ ဖြစ်သည်။ ၂၀၀၃ – ၂၀၀၄ ခုနှစ်က “မောင်ရာဇာနေဝင်းကလုံး” ဆိုသည့် ဒီဗီဒီကားဖြင့် ဒါရိုက်တာဘဝကို စတင်ခဲ့သည်။[၄] ပွဲဦးထွက် ဇာတ်ကားမှာ ပရိသတ်လက်ခံမှု ရာနှုန်းပြည့် မရခဲ့သော်လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆိုသည့် နာမည်တခုကို စတင် ထူထောင်နိုင်ခဲ့သည်။ ၎င်း၏ မှတ်တမ်းရုပ်ရှင် လက်ရာအများစုသည် နိုင်ငံတကာစင်မြင့်တွင် နေရာရယူနိုင်ခဲ့သည်။သူ၏ အစောပိုင်းလက်ရာများအနက် ထိုင်းနိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသည့် လူနည်းစုတိုင်းရင်းသားမျိုးနွယ် ပဒေါင်လူမျိုးများအကြောင်း ရိုက်ကူးထားသည့် မနုဿလှောင်ချိုင့် “Human Zoo”၊ အင်းလေးဒေသမှ ခရမ်းချဉ်သီးစိုက်ပျိုးရေးနှင့် ဂေဟစနစ်ပျက်စီးမှုအကြောင်း ရိုက်ကူးထားသည့် အင်းသီး “The Floating Tomatoes” မှတ်တမ်းရုပ်ရှင်များမှာ ထင်ရှားသည်။[၅] ၂၀၁၀ နောက်ပိုင်းတွင် ထင်ရှားသည့် ဇာဂနာ (ခ) ဒါရိုက်တာမောင်သူရနှင့်အတူ The Art of Freedom ရုပ်ရှင်ပွဲတော်ကို ရန်ကုန်တွင် စီစဉ်ကျင်းပခဲ့ပြီး ၎င်း၏ လက်ရာများကို မြန်မာပရိသတ်က ကြည့်ရှုခွင့်ရခဲ့သည်။ မင်းထင်ကိုကိုကြီးသည် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံအား ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်သည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုလည်း ကျင်းပသည်။သူသည် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကိုလည်း ရိုက်ကူးခဲ့သည်။ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးတွင် ဒါရိုက်တာအဖြစ် အစောဆုံး ပါဝင်ခဲ့သေးသည်။[၆] သို့သော်လည်း နောက်ပိုင်း နုတ်ထွက်သွားခဲ့သည်။ တက်ကြွလှုပ်ရှားမှုများမင်းထင်ကိုကိုကြီး[၇] သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား အမာခံ ထောက်ခံသူတစ်ဦးအဖြစ် ထင်ရှားသည်။[၈] ယင်းအပြင် စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်မှုများ မကြာခဏဆိုသလို ပြုလုပ်သည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး တပ်မတော်၏ရပ်တည်မှုနှင့်ပတ်သက်ကာ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် ပေါ်တွင် ဝေဖန်ရေးသားမှုများပြုလုပ်ခဲ့ရာ တပ်မတော်က မင်းထင်ကိုကိုကြီးအား ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။ ထိုအမှုဖြင့် ၂၀၁၉ခုနှစ် ဩဂုတ်လ ၂၉ရက်နေ့ တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသည်။[၉] ၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင်လည်း နိုင်ငံရေးသမားများနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းတွင် အစောဆုံး ဖမ်းဆီးခြင်းခံရသူထဲ ပါဝင်ခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။[၁၀] ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ရက်တွင် ပြန်လွတ်လာသည်။[၁၁] မိသားစုဘဝမင်းထင်ကိုကိုကြီးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးတစ်ဦး ထွန်းကားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia