မန်ချူးလူမျိုးမန်ချူး (မန်ချူး- ᠮᠠᠨᠵᡠ၊ Möllendorff: manju; တရုတ်- 滿洲、滿族; pinyin: Mǎnzhōu၊ Mǎnzú; Wade-Giles: Man3-chou1၊ Man3-tsu2) လူမျိုးများသည် အရှေ့မြောက်အာရှဇာတိ တွန်ဂုဆစ်လူမျိုးများဖြစ်ကြသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားလူမျိုးတစ်ခုဖြစ်ပြီး မန်ချူးရီးယားဒေသမှ ဆင်းသက်လာသူများဖြစ်သည်။တရုတ်နိုင်ငံ၏နောက်ဆုံးမင်းဆက်ကိုတည်ထောင်သူများဖြစ်သည်။ နှောင်းပိုင်း Jin (1616–1636) နှင့် Qing (1636–1912) မင်းဆက်များကို Jurchen လူမျိုးများ မှဆင်းသက်လာသော မန်ချူးများ မှ တည်ထောင်ပြီး အုပ်ချုပ်ခဲ့သည်။ Jurchen လူမျိုးများသည် တရုတ်ပြည်မြောက်ပိုင်းတွင်း အစောပိုင်း Jinမင်းဆက်ကို တည်ထောင်သူများဖြစ်သည်။ မန်ချူးလူမျိုးများသည် တွန်ဂုဆစ်လူမျိုးများတွင် အကြီးဆုံးလူမျိုးစုကြီးဖြစ်သည်။ တရုတ်နိုင်ငံအနှံ့အပြားတွင်ပြန့်နှံ့နေထိုင်ကြပြီး တရုတ်နိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးလူမျိုးဖြစ်သည်။တရုတ်နိုင်ငံ၏ပြည်နယ်ဒေသ ၃၁ခုတွင်နေထိုင်ကြသည်။လျောင်နင်ပြည်နယ် တွင်အများဆုံးနေထိုင်ပြီး Hebei၊ Heilongjiang၊ Inner Mongolia၊ Beijing တို့တွင် လူဦးရေ ၁၀၀၀၀၀အထက်နေထိုင်ကြသည်။လျောင်နင်ပြည်နယ်၏လူဦးရေ တစ်ဝက်ခန့်နှင့် hebei ပြည်နယ်လူဦးရေ၏ ၅ပုံ၁ပုံခန့်နေထိုင်ကြသည်။တရုတ်နိုင်ငံတွင် မန်ချူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ၁၃ ခုရှိပြီး မန်ချူးမြို့နှင့်မြို့နယ်ပေါင်း ၃၀၀ကျော်ရှိသည်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမရသည့် တိုင်းရင်းသားများတွင်အကြီးဆုံးလူမျိုးများဖြစ်သည်။ |
Portal di Ensiklopedia Dunia