မန်နီ ပက်ကွီအိုအီမန်နျူယယ် ဒါပီဒရန် ပက်ကွီအို စီနီယာ (အင်္ဂလိပ်: Emmanuel Dapidran Pacquiao Sr.၊ ၁၉၇၈ ဒီဇင်ဘာ ၁၇ ဖွား; ဒေသအသံ /ပါ့ခ်ယောင်း/) သည် ဖိလစ်ပိုင်နိုင်ငံသား ကြေးစားလက်ဝှေ့သမားနှင့် နိုင်ငံရေးသမားဖြစ်သည်။ [၁] ပက်မန်း ဟု အမည်ပြောင်ရထားပြီး နာမည်ကျော် ကြေးစားလက်ဝှေ့သမားများအနက် တဦးအဝင်အပါအဖြစ် သတ်မှတ်ခံရသည်။ [၂] ၂၀၁၆ ခုမှစ၍ ဖိလစ်ပိုင် ဆီးနတ် (အထက်လွှတ်တော်) တွင် အမတ်အဖြစ် စတင်ဆောင်ရွက်သည်။ ယခင်က ဆာရန်ဂနီဒိစတြိတ်၏ အမတ် (၂၀၁၀-၁၆) ဖြစ်သည်။ ပက်ကွီအိုသည် လက်ဝှေ့သမိုင်းတွင် တစ်ဦးတည်းသော ရှစ်တန်းချန်ပီယံ (ဝိတ်တန်း ၈ မျိုးစလုံးတွင် ချန်ပီယံဖြစ်သူ) ဖြစ်ပြီး နာမည်ကြီး ခါးပတ် ၁၂ ခု ရဖူးသည်။ [၃] ရှုံးထွက်ချန်ပီယံပွဲတွင် ဝိတ်တန်း ၅ မျိုး၌ အနိုင်ရဖူးသူလည်း ဟူ၏။ [၄] ထို့ပြင် ချန်ပီယံခါးပတ်ကို ဆယ်စုနှစ် ၄ ခု (၁၉၉၀-၂၀၂၀) ကြာ ထိန်းသိမ်းနိုင်ခဲ့သူလည်း ဖြစ်သည်။ [၅] ၂၀၁၅ ခုတွင် ထိုးခဲ့သော ၂၅ ပွဲမှ ဒေါ်လာ ၁.၂ ဘီလီယံ ရခဲ့သည်။ [၆] ဖော့ဘ်စ် မဂ္ဂဇင်းက ၂၀၁၅ ခုတွင် ကြေးအမြင့်ဆုံး အားကစားသမားစာရင်းတွင် နံပါတ် (၂) နေရာ၌ ဖော်ပြသည်။[၇] ၂၀၂၁ စက်တင်ဘာ ၁၉ တွင် မန်နီ သည် ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia