မယ်ဗမာ ပြိုင်ပွဲ

မယ်ဗမာ
Miss Burma
ဖွဲ့စည်းခြင်း၁၉၄၇
အမျိုးအစားအလှမယ်ပြိုင်ပွဲ
ဌာနချုပ်ရန်ကုန်
တည်နေရာ
ရုံးသုံးဘာသာစကား
မြန်မာဘာသာ အင်္ဂလိပ်
တည်ထောင်သူ
အလေးမနှင့် ကာယဗလအဖွဲ့ချုပ်

မယ်ဗမာ (အင်္ဂလိပ်: Miss Burma) ဆိုသည်မှာ ၁၉၄၇ ခုမှ ၁၉၆၂ ခုကြား မြန်မာနိုင်ငံ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကိုယ်စားပြု ကာယအလှမယ် ရွေးချယ်ပွဲ ဖြစ်သည်။

ကျင်းပဖြစ်ပုံ

၁၉၄၇ ခု၊ စက်တင်ဘာလ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက ရောက်သည်။ ထိုအခါ မောင်ဗမာပြိုင်ပွဲများ စတင်ရာ မယ်ပြိုင်ပွဲကိုလည်း ထည့်သွင်းသည်။ ဤသို့ဖြင့် မယ်ဗမာပြိုင်ပွဲများ ပေါ်ပေါက်လာသည်။ []

မယ်ဗမာ ပြိုင်ပွဲကို ကြပ်မတ်သည့်အဖွဲ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ဖြစ်သည်။

မယ်ဗမာ သီချင်း

၁၉၄၈ ခုတွင် မယ်ဗမာပြိုင်ပွဲကို ရည်ညွှန်းသော "မယ်ဗမာတွေ ဆိုတာကတော့ လှပါပေတယ် ချောပါပေတယ် ရွှေမန်းမယ် ပျိုနှမ ချစ်ချင်ဖွယ် ကြိုက်ချင်ဖွယ်" အစချီ မယ်ဗမာ သီချင်း ပေါ်လာသည်။

မယ်ဗမာ၏ ပြောင်းလဲသွားပုံ

မယ်ဗမာသည် :

  • အမျိုးသမီးများ၏ ကာယဗလ၊ ကျန်းမာခြင်းနှင့် ကိုယ်ခန္ဓာအလှ ပေါ်တွင် ယှဉ်ပြိုင်ရသည်။
  • ၁၉၆၂နောက်ပိုင်းနှင့် ယခုအခါတို့တွင် ကာယဗလမယ်၊ ကာယအလှမယ်ပွဲများ၊ ချန်ပီယံဝိတ်ပြိုင်ပွဲများအဖြစ်ပြောင်းလဲ သွားခဲ့သည်။
  • ၁၉၉၀ဝန်းကျင်တွင် အလေးမအဖွဲ့ချုပ်ကသီးသန့်၊ ကာယဗလအဖွဲ့ချုပ် ကသီးသန့် ခွဲ၍ဖွဲ့စည်း ခဲ့သည်။
  • ကာယဗလအဖွဲ့ချုပ်တွင် ကာယဗလနှင့် လှယဉ်ကျေးမယ်ဆိုပြီး နှစ်မျိုးနှစ်စားရှိသည်။ယခုနောက်ပိုင်းတွင် ကာယကြံခိုင်မူ မယ်ဟူ၍ ပြောင်းလဲခဲ့သည်။[ကိုးကားချက်လိုသည်]

မယ်ဗမာအဖြစ် ရွေးချယ်ခံရသူများ

မြန်မာအမျိုးသမီးအလှပြိုင်ပွဲ (၁၉၃၄)

ခုနှစ် မြန်မာအမျိုးသမီးအလှပြိုင်ပွဲ နေရာ နေ့ရက်
၁၉၃၄ မချစ်ညွန့် ဂျူဗလီဟော, ရန်ကုန် ၅ ဒီဇင်ဘာ ၁၉၃၄

မယ်ဗမာ (၁၉၄၇-၁၉၆၂)

ခုနှစ် မယ်ဗမာ ကိုယ်စားပြုမြို့နယ်များ မှတ်ချက်
၁၉၄၇ ဒေါ်လီချို (Dolly Cho) မေမြို့
၁၉၄၈ ခင်သန်းကြွယ် ဖျာပုံ
၁၉၄၉ ဖြူဖြူရှိန် ရန်ကုန်
၁၉၅၀ မစိန်အေး ရန်ကုန်
၁၉၅၁ မစိန်အေး ရန်ကုန်
၁၉၅၂ မစိန်အေး ရန်ကုန်
၁၉၅၃ (အမည်မသိ)
၁၉၅၄ (အမည်မသိ)
၁၉၅၅ နုနုရီ တောင်ငူ
၁၉၅၆ နော်လွီဇာ ဘင်ဆင် ရန်ကုန်
၁၉၅၇ (အမည်မသိ)
၁၉၅၈ နော်လွီဇာ ဘင်ဆင် ကရင်ပြည်နယ်
၁၉၅၉ သန်းသန်းအေး ရန်ကုန်
၁၉၆၀ မြင့်မြင့်မေ ရန်ကုန်
၁၉၆၁ ခင်မြင့်မြင့် ဒိုက်ဦး

Runner-Up (ဒုတိယနေရာ)

ခုနှစ် ဒုတိယနေရ တတိယနေရ
၁၉၄၇ ထိပ်စုဖုရားထွေး ခင်သန်းနု

ကိုးကား

  1. (၂၀၁၀ မတ် ၃) "မြန်မာ့ကာယဗလ၊ ကာယအလှနှင့် မောင်မြန်မာ၊ မယ်မြန်မာ နောက်ခံသမိုင်း 19 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ."။ စီးပွားရေး သတင်းဂျာနယ်။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya