မလိဝမ်းရွာ၊ ကော့သောင်းမြို့နယ်မလိဝမ်းရွာ(အင်္ဂလိပ်: Maliwan)သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။[၁][၂] ရွာနေရာကုတ်မှာ ၁၇၈၀၉၉ ဖြစ်သည်။ မလိဝမ်းချောင်းတံတားသည် အာစီစီ ဖြစ်ကာ၊ ၁၃၁ ပေ ရှည်သည်။ မလိဝမ်းရေတံခွန်လည်း ရှိကာ၊ မလိဝမ်းရေပူစမ်းသည် ကျော်ကြားသည်။ အထက်တန်းကျောင်း ၁ ကျောင်းရှိပြီး ဆရာ/မ ၂၀ ကျော်ဖြင့် လည်ပတ်ကာ၊ ကျောင်းသား/သူ ၁၀၀၀ ကျော်ရှိသည်။ ရွှေတောင်ဦး ဘကကျောင်း ရှိပြီး၊ ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား ၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၇ ရွာ၌ ပါဝင်သည်။၁မိုင်/၃ဖာလုံ ရှည်သော ကတ္တရာလမ်းရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၂၆၇၊ အိမ်ထောင်စု၂၇၇ နေထိုင်လျက်ရှိသည်။ [၃] အသက်မွေးဝမ်းကြောင်းရွာသူရွာသားများသည် ဥယျာဉ်ခြံ၊ ရော်ဘာခြံ၊ လယ်ယာစိုက်ပျိုး၊ ရောင်းဝယ်ဖောက်ကားခြင်း စသည့် အလုပ်အကိုင်များ လုပ်ကိုင်ကြသည်။[၁][၂] လည်ပတ်စရာမလိဝမ်းရွာတွင် အနားယူအပန်းဖြေရန် ရေပူစမ်းနှင့် ရေတံခွန် ရှိသည်။[၁][၂] ကိုးကား
|
Portal di Ensiklopedia Dunia