မဟာဂလက်ဆီ အစုအပြုံ![]() မဟာဂလက်ဆီ အစုအပြုံ (အင်္ဂလိပ်: Supercluster) သည် ကြီးမားသော ဂလက်ဆီအပြွတ်အအုံ သို့မဟုတ် ဂလက်ဆီအုပ်စုဖြစ်ပြီး ယင်းသည် မဟာစကြဝဠာ၏ လေ့လာနိုင်သော စကြဝဠာထဲတွင် တွေ့ရလေ့ရှိသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီသည် ဂလက်ဆီအပြွတ်အအုံ ၅၄ ခုပါဝင်သော Local Group ၏အစိတ်အပိုင်းဖြစ်ပြီး ယင်းသည် Laniakea Supercluster သို့ပြောင်းသွားသည်။[၁] ယင်း supercluster သည် အကျယ်အားဖြင့် အလင်းနှစ် ၅၀၀ မီလီယံရှိပြီး Local Group မှာ အလင်းနှစ် ၁၀ မီလီယံရှိသည်။[၂] လေ့လာနိုင်သော စကြဝဠာရှိ supercluster အရေအတွက်မှာ ၁၀ မီလီယံရှိသည်ဟု တွက်ချက်ထားသည်။[၃] ဂလက်ဆီများသည် ကြုံရာကျပန်းအစား အပြွတ်အအုံများ (clusters) အဖြစ် ဖွဲ့တည်ကြသည်။ ဂလက်ဆီ အပြွတ်အအုံများသည်လည်း မဟာဂလက်ဆီ အပြွတ်အအုံများ (superclusters) အဖြစ် ဖွဲ့တည်ကြသည်။ ယေဘုယျအားဖြင့် supercluster များတွင် အလင်းနှစ် ၁၅၀ မီလီယံကျယ်သော cluster ပေါင်း ဒါဇင်ချီကာဖြင့် တည်ရှိသည်။ cluster များနှင့် မတူသည်မှာ supercluster များသည် ဒြပ်ဆွဲအားဖြင့် ချုပ်နှောင်ထားခြင်းမရှိပေ။ အဖော် cluster များသည် ဟာဘယ်၏ နိယာမအရ အချင်းချင်း ဝေးရာသို့ ထွက်သွားလေ့ရှိသည်။ နဂါးငွေ့တန်းသည် Local Group အတွင်းတည်ရှိပြီး ယင်းသည် အင်အားနည်းကာ ပုံစံအတည်တကျမရှိသော ဂလက်ဆီ အပြွတ်အအုံဖြစ်သည်။ အင်အားနည်းသော cluster များသည် ဂလက်ဆီအနည်းမျှသာပါဝင်ပြီး အင်အားကြီးသော cluster များမှာမူ ရာထောင်ချီ၍ တည်ရှိကြသည်။ Local Group သည် Local Supercluster (Virgo Supercluster ဟုလည်းသိထား) အနီးတွင် တည်ရှိပြီး ယင်း၏အချင်းသည် အလင်းနှစ် ၁၀၀ မီလီယံ ရှိသည်။ Local Supercluster တွင် နေ၏ထုထည်ပေါင်း ၁၀၁၅ ဆ ရှိလေသည်။ လေ့လာနိုင်သောစကြဝဠာရှိ အကြီးဆုံး မဟာဂလက်ဆီအပြွတ်အအုံမှာ Great Attractor ဖြစ်ပြီး ဒြပ်ဆွဲအားမှာကြီးမားလှသဖြင့် နဂါးငွေ့တန်းပါဝင်သည့် Local Supercluster သည် ယင်းဆီသို့ တစ်စက္ကန့်လျင် ကီလိုမီတာရာချီနှုန်းဖြင့် ရွေ့လျက်ရှိသည်။ Local စကြဝဠာ၏အပြင်ဘက် အကြီးဆုံး supercluster မှာ Perseus-Pegasus ဂလက်ဆီ filament ဖြစ်သည်။ ယင်းတွင် Perseus supercluster တည်ရှိပြီး အကျယ်အားဖြင့် အလင်းနှစ် ဘီလီယံချီကာ ကျယ်ဝန်းပြီး စကြဝဠာ၏ အကြီးဆုံး တည်ဆောက်ပုံအဖြစ် တည်ရှိလျက်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia