မိုက်ကယ်အောင်သွင်
မိုက်ကယ် အာသာ အောင်သွင် (၁၉၄၆ – ၁၄ ဩဂုတ် ၂၀၂၁) သည် မြန်မာ-အမေရိကန်လူမျိုး၊ သမိုင်းပညာရှင်နှင့် မနိုအာ ဟာဝိုင်ယီ တက္ကသိုလ်၏ အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ သမိုင်း အထူးပြု ဂုဏ်ထူးဆောင်ပါမောက္ခ တစ်ဦး ဖြစ်သည်။[၁] အစောပိုင်းဘဝနှင့် ပညာရေး၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဦးမိုးဇက်အောင်သွင်နှင့် ဒေါ်မာဂရက်ဟုပ်အောင်သွင်တို့မှ မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူမှာ အင်္ဂလိပ်ဗမာ၊ ကရင် နှင့် ရခိုင်စပ်တစ်ဦးဖြစ်ပြီး ဖူးလ်ဘရိုက်ပညာသင်ဆုရနှင့် ကထိက တစ်ဦးဖြစ်သည်။[၂][၃] ရန်ကုန်မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး မိခင်စာသင်ပြရာ တောင်အိန္ဒိယရှိ ကိုဒိုင်းကနယ် နိုင်ငံတကာကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။[၁] ၁၉၆၉ ခုနှစ်တွင် ဒုံးကောလိပ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ကာ ၁၉၇၁ ခုနှစ်တွင် အီလီနွိုက်အာဘာနာတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မီချီဂန်တက္ကသိုလ်မှ သမိုင်းပါရဂူဘွဲ့ ရရှိခဲ့သည်။[၁] ကွယ်လွန်ခြင်း၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဟာဝိုင်ယီရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။[၄] ရေးသားခဲ့သည်များ
ပုဂ္ဂိုလ်ရေးဘဝမာရီယာနှင့် လက်ထပ်ခဲ့ပြီး မေထရီနှင့် အာမီတာ ဟူသော ကလေးနှစ်ဦး ထွန်းကားခဲ့သည်။[၁] မေထရီအောင်သွင်မှာ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ တွဲဖက်သမိုင်းပါမောက္ခဖြစ်သည်။[၆] ကိုးကား
|
Portal di Ensiklopedia Dunia