မိုင်ဒင်း အမျိုးသားအားကစားကွင်း
မိုင်ဒင်း အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Mỹ Đình National Stadium၊ ဗီယက်နမ်: Sân vận động Quốc gia Mỹ Đình)သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဘက်စုံသုံးအားကစားကွင်းဖြစ်သည်။၄၀၁၉၂ဦး ဝင်ဆံ့ပြီး တိုင်းပြည်၏ ဒုတိယမြောက် အကြီးဆုံးကွင်းဖြစ်သည် ။ ၂၀၀၃ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အဓိက ကျင်းပရာနေရာဖြစ်သည်။ ဗီယက်နမ်ဘောလုံးအသင်းများ၏ အိမ်ကွင်းဖြစ်ပြီး နိုင်ငံတကာ ချစ်ကြည်ရေးပွဲများကို လက်ခံကျင်းပလေ့ရှိသည်။ ကွင်း၏ အရှေ့နှင့်အနောက်ဘက် ပွဲကြည့်စင်များကို အမိုးမိုးထားပြီး ဝင်ဆံ့ဦးရေ၏ တစ်ဝက်ကို အမိုး မိုးပေးထားနိုင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းဗီယက်နမ်နိုင်ငံအတွက် အမျိုးသားအားကစားကွင်းအသစ် ဆောက်လုပ်ရန် အကြံကို ၁၉၉၈တွင် စတင်ခဲ့ကြသည်။[၁]၂၀၀၀ပြည့်နှစ် ဇူလိုင်လတွင် ထိုစဉ်က ဗီယက်နမ်ဝန်ကြီးချုပ်က ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းကို အတည်ပြုခဲ့သည်။ဤသည်မှာ ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပရေးအတွက်လည်း ရည်ရွယ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၂ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၃ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့ကာ ဩဂုတ်လတွင် မိုင်းဒင်း အမျိုးသားအားကစားကွင်းအဖြစ် အမည်ပေးခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သော စက်တင်ဘာလ ၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အတွင်းပိုင်း![]() ပွဲကြည့်စင်များပွဲကြည့်စင် ၄ခုရှိကာ ပွဲကြည့်စင် အေနှင့် ဘီမှာ အရှေ့ဘက်နှင့် အနောက်ဘက်ပွဲကြည့်စင်များဖြစ်သည်။ ထို ပွဲကြည့်စင် ၂ခုအား တန်ချိန် ၂၃၀၀လေးသော အမိုးဖြင့် မိုးထားကာ နှစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ အခြားပွဲကြည့်စင်နှစ်ခုဖြစ်သော စီနှင့် ဒီမှာ တစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ စုစုပေါင်း ၄၀၁၉၂ဦးဝင်ဆံ့ကာ အရေးကြီးပုဂ္ဂိုလ်များအတွက် ခုံပေါင်း ၄၅၀နှင့် သတင်းသမားများအတွက် ၁၆၀ ပါဝင်သည်။ ကွင်းမြက်ခင်းပြင်မှာ ၁၅၀မီတာ × ၆၇မီတာရှိပြီး ၎င်းကို ပြေးလမ်း ၈လမ်းပါသော ပတ်လမ်းက ပတ်ထားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia