မိုနာကိုနိုင်ငံကိုဩဒိနိတ်: 43°44′N 7°25′E / 43.733°N 7.417°E
တည်နေရာ နှင့် အကျယ်အဝန်းပုပ်ရဟန်းမင်းကြီးနေထိုင်သော ဗာတီကင်နန်းမြို့မှလွဲလျှင် မိုနာကိုနိုင်ငံသည် ဥရောပတိုက်ရှိ လွတ်လပ်သော နိုင်ငံ တို့တွင် အငယ်ဆုံးနိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၃၆၈ ဧကမျှသာ ရှိ၍ လူဦးရေ ခန့်မှန်းခြေ ၂ဝ၄၄၁ (၁၉၆၁) ရှိသည်။ မိုနာကိုနိုင်ငံသည် မြေထဲပင်လယ်ကမ်းခြေတွင် ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့ နယ်နိမိတ်ချင်းစပ်ရာ ဒေသ အနီး၌ တည်ရှိ၍ မိုနာကို နယ်စားမင်းသား တတိယရေနယာ က အုပ်ချုပ်သည်။ စီးပွားရေးမိုနာကိုနိုင်ငံသည် ကမ္ဘာကျော် လောင်းတမ်းကစားဝိုင်းများ ရှိသော မွန်တီကာလိုမြို့ကြောင့် ထင်ရှားလေသည်။ နှစ်စဉ် နိုင်ငံခြားမှ ဧည့်သည့်ပေါင်းမြောက်မြားစွာ မိုနာကိုနိုင်ငံသို့ အပန်းဖြေ လာရောက်လည်ပတ်လေ့ရှိကြ၏။ မိုနာကိုမှ ပြင်သစ်နိုင်ငံရှိ နီးစ်မြို့သို့ ခေတ်မီ မော်တော်ကား လမ်းကောင်း ဖောက်လုပ်ထားသည်။ မိုနာကိုနိုင်ငံတွင် ရေငန် သက်ရှိလောကနှင့်ဆိုင်သော နာမည်ကျော် ပြတိုက်ရှိ၏။ မိုနာကိုနိုင်ငံရှိ မြို့များသည် မြေထဲပင်လယ်ကို မျက်နှာမူ လျက် တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် အလွန်သာယာ ပေသည်။ မြို့တော်မှာ မိုနာကိုမြို့ဖြစ်၍ လူဦးရေ ၂ဝဝဝ ခန့် ရှိသည်။ ကျန်မြို့နှစ်မြို့မှာ လာကွန်ဒါမင်းမြို့နှင့် မွန်တီကာလို မြို့များဖြစ်သည်။ မိုနာကို နိုင်ငံသားတို့သည် များသောအား ဖြင့် ဟိုတယ်နှင့် စားသောက်ဆိုင်တို့၌ လုပ်ကိုင်ကြသည်။ မိုနာကိုနိုင်ငံသည် ကစားဝိုင်းများမှ ဝင်ငွေအမြောက်အမြား ရရှိလေသည်။ နိုင်ငံသားများကိုမူ ထိုကစားဝိုင်းများ၌ ဝင်ရောက်ကစားခွင့် မပြုချေ။ သမိုင်းကြောင်းရောမ သာသနာစောင့်နိုင်ငံကို တည်ထော်သူ ဧကရာဇ်ဘုရင် ပထမ အော့တိုသည် မိုနာကိုနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့၍ ၁၂၉၇ ခုနှစ်မှစ၍ မိုနာကိုသည် ဂျီနိုအာမင်းဆက် လက်အောက်သို့ ရောက်ရှိ ခဲ့သည်။ ၁၈၁၅ ခုနှစ်တွင် ဆာဒင်းနီးယားနိုင်ငံ၏ စောင့်ရှောက်ခံနယ်အဖြစ်လည်းကောင်း၊ ၁၈၆၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ စောင့်ရှောက်ခံနယ်အဖြစ် လည်းကောင်း တည်ရှိခဲ့သည်။ ယခုအခါ မိုနာကိုနိုင်ငံကို ၁၉၁၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နယ်စား မင်းသားက အုပ်ချုပ်လျက်ရှိသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း က ဂျာမန်စစ်တပ်များသည် မိုနာကိုနိုင်ငံကို သိမ်းပိုက်ခဲ့ကြ သည်။ မင်းသား ဒုတိယလူဝီသည် မိုနာကိုနိုင်ငံကို ၁၉၂၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ အုပ်ချုပ်သည်။ လူဝီမင်းသားက ကွယ်လွန်ပြီးနောက် မြေးတော် တတိယ ရေနယာမင်းသားက မိုနာကိုနိုင်ငံကို ဆက်လက်၍ အုပ်ချုပ်လျက်ရှိ၏။ အုပ်ချုပ်ရေးဥပဒေပြု ရေး အာဏာသည် နယ်စားမင်းသားနှင့် အဖွဲ့ဝင် ၁၈ ဦး ပါဝင်သော အမျိုးသားကောင်စီ၌ တည်ရှိလေသည်။ လူထုက ထိုအမျိုးသားကောင်စီအဖွဲ့ဝင်များကို လေးနှစ်တစ်ကြိမ် ရွေးကောက်တင်မြောက်ကြရသည်။[၁၁] ကိုးကာ
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia