မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း

မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း
Morodok Techo National Stadium
ពហុកីឡដ្ឋានជាតិមរតកតេជោ
တည်နေရာဖနွမ်းပင်မြို့
ကိုဩဒိနိတ်11°40′58.4″N 104°52′34.6″E / 11.682889°N 104.876278°E / 11.682889; 104.876278ကိုဩဒိနိတ်: 11°40′58.4″N 104°52′34.6″E / 11.682889°N 104.876278°E / 11.682889; 104.876278
ပိုင်ဆိုင်သူကမ္ဘောဒီးယားအစိုးရ
ဝင်ဆံ့ပမာဏ၇၅၀၀၀
မျက်နှာပြင်မြက်
တည်ဆောက်ခြင်း
ပန္နက်ရိုက်ဧပြီ ၂၀၁၇
ဖွင့်လှစ်မေ ၂၀၂၁
ကုန်ကျငွေတရုတ်ယွမ် ၁.၁ဘီလီယံ
ဗိသုကာChina IPPR International Engineering CO.,LTD.
ဝက်ဘ်ဆိုဒ်
mtn-stadium.com.kh

မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း(Khmer: ពហុកីឡដ្ឋានជាតិមរតកតេជោ)သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားရုံစုတွင်တည်ရှိသော ဘက်စုံသုံးအားကစားကွင်းတစ်ခုဖြစ်သည်။

တည်ဆောက်ခြင်း

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် ၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်းရုံစုကို တည်ဆောက်ခဲ့ကြသည်။ အားကစားရုံစု တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၃ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး အဓိကအားကစားကွင်းဖြစ်သော မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်းကို ၂၀၁၇ခုနှစ်ဩဂုတ်လတွင် စတင်ခဲ့သည်။တည်ဆောက်ရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ သန်း၁၆၀ထောက်ပံ့ပေးခဲ့သည်။တည်ဆောက်ရေးကို တရုတ်ကုမ္ပဏီက တာဝန်ယူပြီး တရုတ်နှင့် ကမ္ဘောဒီးယားတို့မှ ပညာရှင်များ ပါဝင်ကြသည်။

ဗိသုကာပုံစံ

မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း၏ ပုံစံမှာ ရွက်လွှင့်နေသော သင်္ဘောပုံဖြစ်သည်။ရှေးယခင်က တရုတ်လူမျိုးများ ကမ္ဘောဒီးယားသို့ ရွက်လွှင့်၍ လာရောက်ခဲ့ကြသည့် တရုတ်- ကမ္ဘောဒီးယား ချစ်ကြည်ရေး အထိမ်းအမှတ်ကို ပုံဖော်ထားခြင်းဖြစ်သည်။ ကွင်း၏​ဘေးဘက်ကို ခမာတို့၏ လက်အုပ်ချီနှုတ်ဆက်ခြင်းကို ပုံဖော်သော တိုင်များဖြင့် ပုံဖော်ထားသည်။ ကွင်းကို ခမာပုံစံ ကျုံးနှင့် ကမ္ဘောဒီးယားတို့၏ အမျိုးသားအထိမ်းအမှတ် ပန်းများဖြင့် ဝန်းရံ ပုံဖော်ထားသေးသည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya