မိုရီဆာကီ ဝင်း
မိုရီဆာကီဝင်း (၂၀ ဩဂုတ် ၁၉၉၀ ဖွား)သည် ဂျပန်အဆိုတော်နှင့် သရုပ်ဆောင် ဖြစ်ပြီး၊ PrizmaX တေးဂီတအဖွဲ့၏ အဖွဲ့ဝင်လည်း ဖြစ်သည်။[၁] မြန်မာလူမျိုး ဖြစ်သည်။[၂] စတားဒပ် ပရိုမိုးရှင်း အနုပညာတွင် အဆင့် တစ်ထဲ ဝင်သည်။ ကိုယ်ရေးအကျဉ်းအလယ်တန်းဒုတိယနှစ်တွင် လူတွေ့ ရွေးချယ်ခြင်း ခံရပြီး၊ စတားဒပ် ပရိုမိုးရှင်းနှင့် စာချုပ် ချုပ်ခဲ့သည်။[၃] ၂၀၀၈ ခုနှစ်၌ PrizmaX တွင် ပါဝင်သည်။ လှုပ်ရှားမှုများ၊ ဖျော်ဖြေပွဲများ စသည်တို့တွင် ပါဝင်ခဲ့သည်နှင့် တစ်ချိန်တည်း၌ သရုပ်ဆောင် အနေနှင့်လည်း ပွဲဦးထွက်ခြင်း ပြုလုပ်ခဲ့သည်။ ၂၀၁၀ ဩဂုတ်၌ ရှီမာဒ တုဘဆာမှ လွဲ၍ အခြား PrizmaX အဖွဲ့ဝင်များနှင့် အတူ NAKED BOYZ အဖွဲ့ဝင် ဖြစ်လာပြီးနောက် ထိုနှစ်ကုန်တွင် နုတ်ထွက်လိုက်သည်။[၄] ၂၀၁၂ ၌ ယုတာကာ အိုဇကီ အမှတ်တရ ရုပ်ရှင် ဖြစ်သော "ရှယ်ရီ" တွင် ပထမဆုံး သရုပ်ဆောင်သည်။[၅]၂၀၁၄ ၌ စတင် ပြသသည်။ ၂၀၁၃ မတ်လ၌ PrizmaX အဖွဲ့နှင့်အတူ ဆင်ဂယ် "Mysterious Eyes/Go!" ဖြင့် စီဒီခွေ ပွဲဦးထွက်လာသည်။ ဒုတိယ တေးအယ်လဘမ် "Ready" တွင်မူ မိုရီဆာကီက သီချင်း ရေးစပ်ထားသည်။ [၆] ၂၀၁၅ ဧပြီ၌ အက်ဖ်အမ် ယိုကိုဟာမားတွင် ရေဒီယို ပင်တိုင် တင်ဆက်သူ လုပ်သည်။[၇] ၂၀၁၆ ဇွန်လ၌ စတီဗင် စပီးဘာ့ဂ် ကြီးကြပ် ရိုက်ကူးမည့် ရုပ်ရှင်ကားသစ် "ရယ်ဒီ ပလေယာ ဝမ်း" တွင် အဓိက မင်းသားအဖြစ် ရွေးချယ်ခြင်း ခံရပြီး၊ ဟောလိဝုဒ်တွင် ဦးစွာ ပွဲထွက်ခြင်း ဖြစ်သည်။ [၈] သို့ကြောင့် ပရိဇမာ အိက်စ် အဖွဲ့အနေနှင့် လှုပ်ရှားမှုကို ခေတ္တ ရပ်တန့်ထားသည်။ ထိုကြားတွင် သီဆိုမှုအပိုင်း၊ နောက် မိမိ တာဝန်ယူထားသော ရေဒီယို အစီအစဉ်ကို တစ်ဖွဲ့တည်းသား ဖြစ်သူ ခုရိုကာဝ တင်မ်က အစားထိုး လုပ်ကိုင်ပေးသည်။ အဆိုပါ ရိုက်ကူးရေး ပြီးဆုံးသော်၊ ပရိဇမာ အိက်စ် အနေနှင့် လှုပ်ရှားမှုများ ပြန်လည် စတင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဂျပန် မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဇာတိမြေတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။ ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် မြန်မာ ရေဒီယို Shwe FM မှ ချီးမြှင့်ပေးအပ်သော "မြန်မာပရိသတ်ချစ်ခင်မှုအများဆုံးရရှိသော ကမ္ဘာကျော်အနုပညာရှင်ဆု" ကိုလက်ခံရရှိခဲ့သည်။ ကိုးကား
ပြင်ပလင့် |
Portal di Ensiklopedia Dunia