မို့မို့မြင့်အောင်

မို့မို့မြင့်အောင်
မွေးဖွားမွှေးမွှေး
(1960-05-25) မေ ၂၅၊ ၁၉၆၀ (အသက် ၆၅)
ရန်ကုန်မြို့မြန်မာနိုင်ငံ
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၉ – လက်ရှိ
အိမ်ထောင်ဖက်(များ)လွှမ်းမိုး (၁၉၈၀-၈၃ ကွာရှင်း)
မောင်မောင်ကျော် (၁၉၈၇–လက်ရှိ)
မိဘ(များ)ဦးမြင့်အောင် နှင့် ဒေါ်သန်းရင်
ရရှိသည့်ဆုများအ​ကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနှင့် ဇာတ်ဆောင်ဆု (၁၉၈၄၊ ၁၉၈၉၊ ၁၉၉၁၊ ၁၉၉၄၊ ၂၀၀၈)

မို့မို့မြင့်အောင် (၁၉၆၀ ခု၊ မေလ ၂၅ မွေး) သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ငါးဆုရ မြန်မာအမျိုးသမီး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

ငယ်ဘဝ

သရုပ်ဆောင်နှင့် ဒါရိုက်တာ ဦးမြင့်အောင်၊ ဒေါ်သန်းရင်တို့မှ ၁၉၆၀ ပြည့်၊ မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၌ မွေးသည်။ မွေးချင်း ၅ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မြင့်မြင့်ခိုင် ဖြစ်သည်။ ငယ်မည်မှာ မွှေးမွှေး ဟူ၏။ []

အထက(၁) တာမွေ ၌ ပညာသင်သည်။ တက္ကသိုလ်ဝင်တန်းကို အကြိမ်ကြိမ်ဖြေဆိုသော်လည်း အနုပညာနယ်၌ အချိန်ကုန်လိုသောစိတ်ကြောင့် မအောင်မြင်ခဲ့ပေ။ []

အနုပညာ လှုပ်ရှားမှု

၁၉၇၉ ခုထွက် ကျော်ဟိန်းနှင့်တွဲရိုက်သည့် မွန်းတည့်ချိန်တွင် နေဝင်သည် ဇာတ်ကားနှင့် နာမည်ရလာသည်။ ၁၉၈၄ ခု၊ အကယ်ဒမီရပြီးနောက် ထိပ်တန်းစာရင်းဝင် ဖြစ်သွားသည်။ []

ဆုရ ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဆုအမျိုးအစား မှတ်ချက်
နှလုံးသားမြို့တော် ၁၉၈၄ အမျိုးသမီးဇာတ်ပို့ဆု
ခပ်စိမ်းစိမ်း နေပါ့မယ် ၁၉၈၉ အမျိုးသမီးဇာတ်ဆောင်ဆု
သမီးနဲ့ အမေများ ၁၉၉၁ အမျိုးသမီးဇာတ်ဆောင်ဆု
မသုဓမ္မစာရီ ၁၉၉၄ အမျိုးသမီးဇာတ်ဆောင်ဆု
မြင့်မိုရ်ထက်က သရဖူ ၂၀၀၈ အမျိုးသမီးဇာတ်ဆောင်ဆု

ကိုးကား

  1. Focus online
  2. သီတာဝင်း (၄ ဒီဇင်ဘာ ၂၀၀၉) "အနုပညာသည်တို့၏ အစောပိုင်းနှစ်များ"။ ဘိုင်ဝိကလီး အီလဲဗင်း။
  3. မောင်ယဉ်ကျော် ၏ မင်းသားမင်းသမီးအကြောင်းစုံများ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya