မိုးဇော်ဦး
ဦးမိုးဇော်ဦးသည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ ၂၀၂၁ခုနှစ် ဧပြီလ ၁၆ရက်မှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ငယ်ဘဝ၁၉၆၉ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၌ တက်ရောက်နေစဉ် ၈၈၈၈ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ပြီး၊ စက်တင်ဘာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၉၉၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး၊ ချူလာလောင်ကွန်းတက္ကသိုလ်မှ အရှေ့တောင်အာရှဆိုင်ရာ လေ့လာမှုပညာ မဟာဘွဲ့ရရှိခဲ့သည်။[၁] နိုင်ငံရေးဆောင်ရွက်ချက်များ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး၊ NLD ဥက္ကဋ္ဌရုံးတွင် လက်ထောက် ရုံးအဖွဲ့မှူးအဖြစ် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ဖေဖော်ဝါရီတွင် ရုံးအဖွဲ့မှူး ဖြစ်လာခဲ့သည်။[၂] ၂၀၁၇ ခုနှစ်တွင် လန်ဒန်မြို့ တော်ဝင်ကာကွယ်ရေးပညာကောလိပ်မှ နိုင်ငံတကာ မဟာဗျူဟာ လေ့လာမှုပညာ ဘွဲ့လွန်သင်တန်း ပြီးမြောက်ခဲ့သည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်၏ အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။[၃][၄] ၂၀၂၁ ခုနှစ် ဧပြီလ ၁၆တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခဲ့သည်။[၅][၆] ကိုးကား
|
Portal di Ensiklopedia Dunia