မိုးညှင်းသမ္ဗုဒ္ဓေ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နယ် မုံရွာမြို့၏ အရှေ့တောင်ဘက် (၇)မိုင်ကျော် အကွာ မြေနဲရွာ တွင် မိုးညှင်း ကျောင်းတိုက်ကြီး တည်ရှိသည်။ မိုးညှင်း အမည်မှာ အင်းဝခေတ် သက္ကရာဇ် ၇၈၈ ခုနှစ်တွင် နန်းတက်သော မိုးညှင်းမင်းတရားမှ ဆင်းသက်လာသော အမည်နှင့် သက္ကရာဇ် ၁၃ဝ၁ ခုနှစ်တွင် စတင်တည်ထားခဲ့သော အမည်နှစ်ခု ပေါင်းစပ်ဖွဲ့စည်းမှုအရ ဖြစ်ပေါ်လာသော သမိုင်းပေါင်းကူး အမည်ထူးဖြစ်သည်။ ထို မိုးညှင်းသမ္ဗုဒ္ဓေ ကျောင်းတိုက်အတွင်း သမ္ဗုဒ္ဓေစေတီတော်ကြီးနှင့် တကွထင်ရှားသော သာသနိက အဆောက်အအုံများ များစွာရှိသည်။ ၁။ သမ္ဗုဒ္ဓေ စေတီတော် ၂။ အာလိန်ငါးဆင့် ခေါ် တာဝတိံသာ စူဠာမဏိ စေတီတော် ၃။ ကမ္ဘာအကြီးဆုံး ဆင်ခံဘုရားနှစ်ဆူ ၄။ ဝိပသနာတရားများပွားများအားထုတ်ရာ ပဌာန်းအဓိပတိဓမ္မာရုံကြီး ၅။ အချိန်ကာလ တန်ဖိုးပြ ညွန်ကြားလျက် ရှိသော နာရီစင်ကြီး ၆။ သမိုင်းကြောင်းစုံ ခြုံငုံပြသထားသော သမိုင်းပြတိုက်ကြီး ၇။၂ဝရာစု သာသနာပြု ပုဂ္ဂိုလ်ကျော် မိုးညှင်းဆရာတော် ပုံတူပြတိုက် စသည်တို့ဖြစ်သည်။
ယခု အခါ သမ္ဗုဒ္ဓေ စေတီတော်ကြီးနှင့် မိုးညှင်းသမ္ဗုဒ္ဓေ ကျောင်းတိုက်ကြီးကို ကျောင်းတိုက်အတွင်းရှိ သံဃာအဖွဲ့နှင့် ဂေါပကအဖွဲ့တို့က ဖိဖိစီးစီး ထိန်သိမ်းစောင့်လျောက်လျှက် ရှိသည်။ ကျေးဇူးရှင် ပထမဆရာတော် အရှင်မြတ်ကြီး စတင်စိုက်ထူခဲ့သော ပန္နက်မူအတိုင်း အရာရာမှာ အတတ်နိုင်ဆုံး ထိန်းသိမ်း လိုက်နာလျက်ရှိသည်။ |
Portal di Ensiklopedia Dunia