မီချီယို ဆူဂျီမူရာ
မီချီယို ဆူဂျီမူရာ (辻村みちよ ၁၈၈၈ စက်တင်ဘာ ၁၇ - ၁၉၆၉ ဇွန် ၁) သည် ဂျပန်လူမျိုး စိုက်ပျိုးရေးသိပ္ပံပညာရှင်နှင့် ဇီဝဓါတုပညာရှင် ဖြစ်သည်။ လက်ဖက်စိမ်းအကြောင်းကို အထူးပြုလေ့လာခဲ့ပြီး ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးပညာဖြင့် ပါရဂူဘွဲ့ရသည့် ပထမဆုံးသူ ဖြစ်၏။ ငယ်ဘဝနှင့်ပညာရေးဆူဂျီမူရာကို ၁၈၈၈ ခုတွင် ဆိုင်တမစီရင်စု (ယခု အိုကီဂါဝါ) ၌ မွေးသည်။ တိုကျိုအမျိုးသမီးဆရာဖြစ်သင်ကျောင်းမှ ၁၉၀၉ ခုတွင် အထက်တန်းအောင်သည်။ နောက် တိုကျိုအမျိုးသမီးအဆင့်မြင့်ဆရာဖြစ်သင်ကျောင်း၌ သိပ္ပံဌာန၌ ပညာဆက်သင်၏။ ဤတွင် ဇီဝပညာရှင် ကိုနိုယာဆူအီ (保井コノ) ၏တပည့်အဖြစ် သင်ရသည်။ ထိုဆရာကြောင့်ပင် သိပ္ပံနည်းကျသုတေသနဘက်တွင် စိတ်ဝင်စားလာ၏။ သက်မွေးလမ်းကြောင်း၁၉၁၃ ခုတွင် ဘွဲ့ရသည်နောက် ကာနာဂါဝါစီရင်စုရှိ ယိုကိုဟားမားအမျိုးသမီးအထက်တန်းကျောင်းတွင် ဆရာအဖြစ် အလုပ်ဝင်သည်။ ၁၉၁၇ ခုတွင် မွေးရပ်မြေရှိ ဆိုင်တမအမျိုးသမီးဆရာဖြစ်သင်ကျောင်းသို့ ရွေ့ပြောင်းတာဝန်ထမ်း၏။ [၁] ဆူဂျီမူရာ၏ သုတေသနလမ်းကြောင်းမှာ ၁၉၂၀ ပြည့်တွင် ဟိုကိုင်းဒိုတော်ဝင်တက္ကသိုလ်၌ ဓာတ်ခွဲတန်းအကူအဖြစ် အလုပ်လျှောက်ချိန်က စသည်။ ထိုစဉ်က တက္ကသိုလ်များသည် အမျိုးသမီးတို့ကို တရားဝင် အလုပ်မခန့်သဖြင့် ဆူဂျီမူရာသည် စိုက်ပျိုးရေးဆိုင်ရာဓါတုဗေဒဌာန၏ အာဟာရဆိုင်ရာဓာတ်ခွဲခန်းတွင် လုပ်ခမဲ့ဖြင့် အလုပ်ဝင်၏။ ထိုဓာတ်ခွဲခန်းတွင် ပိုးစာကောင် (ပိုးတီ) ၏ အာဟာရအကြောင်းကို လေ့လာသည်။ ၁၉၂၂ ခုတွင် ၎င်းတက္ကသိုလ်ရှိ ဆေးဝါးကောလိပ်ရှိ ဆေးဝါးဆိုင်ရာဓါတုဗေဒဓာတ်ခွဲခန်းသို့ ကူးရသည်။ ၁၉၂၃ ခုတွင် ကန်တိုငလျင်ကြောင့် ဓာတ်ခွဲခန်းပါ ပျက်စီးသည်။ သို့ဖြင့် အောက်တိုဘာလတွင် ရိုင်ကန်သိပ္ပံဆိုင်ရာသုတေသနတက္ကသိုလ်၌ သုတေသနကျောင်းသားအဖြစ် လွှဲပြောင်းခံရ၏။ စိုက်ပျိုးရေးပညာဖြင့် ပါရဂူဘွဲ့ရကာ အာဟာရဆိုင်ရာဓါတုဗေဒကို သုတေသနလုပ်နေသော ဥူမဲတာရိုဆူဇူကီ၏ ဓာတ်ခွဲခန်း၌ လုပ်ရသည်။ ဆူဂျီမူရာနှင့် သူ့လုပ်ဖော်ကိုင်ဘက် ဆိုင်တာရိုမီယူရာတို့သည် လက်ဖက်စိမ်း၌ ဗီတာမင်စီပါကြောင်း ၁၉၂၄ ခုတွင် တွေ့၏။ ၎င်းအကြောင်းကို ဇီဝသိပ္ပံ၊ ဇီဝနည်းပညာနှင့် ဇီဝဓါတုဗေဒဂျာနယ်တွင် လက်ဖက်စိမ်းရှိဗီတာမင်စီ အမည်ဖြင့် ဆောင်းပါးထုတ်ခဲ့သည်။ ဤတွေ့ရှိမှုကြောင့် မြောက်အမေရိက၏ လက်ဖက်စိမ်းအပေါ် စိတ်ဝင်စားမှု တိုးလာပြီး လက်ဖက်စိမ်းတင်ပို့မှုကို များစွာ အထောက်အကူဖြစ်၏။ ၁၉၂၉ နှင့် ၁၉၃၀ တို့တွင် လက်ဖက်စိမ်းမှ အခြားဓာတ်တို့ကို ခွဲပြနိုင်သည်နောက် ၁၉၃၂ ခုတွင် တိုကျိုတော်ဝင်တက္ကသိုလ်က ဆူဂျီမူရာကို စိုက်ပျိုးရေးပညာဖြင့် ပါရဂူဘွဲ့ ပေးသည်။ ဂျပန်တွင် ပါရဂူဘွဲ့ရသည့် ပထမဆုံးအမျိုးသမီး ဖြစ်လာ၏။ [၂] ၁၉၃၄ ခုတွင် နောက်ထပ် ဓာတ်တခု ထုတ်နိုင်ပြီး ၁၉၃၅ ခု၌ အခြားအပင်တို့မှ ဗီတာမင်စီပုံဆောင်ခဲထုတ်နည်းကို မူပိုင်ခွင့်တင်သည်။ ရိုင်ကန်က ၁၉၄၂ ခုတွင် ဆူဂျီမူရာကို အငယ်တန်းသုတေသီအဖြစ် ရာထူးတိုးပေး၏။ ၁၉၄၇ ခုတွင် သုတေသီဖြစ်လာပြီး နောက်နှစ်နှစ်အကြာတွင် အသစ်ဖွင့်သော အိုချာနိုမီဇူတက္ကသိုလ်သို့ ပြောင်းသည်။ တိုကျိုအမျိုးသမီးအဆင့်မြင့်ဆရာဖြစ်သင်ကျောင်း၏ ပါမောက္ခအဖြစ် ၁၉၅၀ ပြည့်မှ စ၍ တာဝန်ယူပြီး ကျောင်းရှိ ပြည်တွင်းဘောဂဗေဒဌာနကြီး၏ ပထမဆုံး ပါမောက္ခချုပ်လည်း ဖြစ်ခဲ့၏။ အိုချာနိုမီဇူတက္ကသိုလ်မှ ၁၉၅၅ ခုတွင် အငြိမ်းစားယူသည်။ သို့သော် အချိန်ပိုင်းစာချခြင်းကို ၁၉၆၁ မတိုင်ခင်အထိ လုပ်သည်။ တိုကျိုရှိ ဂျစ်ဆန်အမျိုးသမီးတက္ကသိုလ်၌ ၁၉၅၅ မှ ၁၉၆၃ ခုအထိ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ခန့်ထားခံရ၏။ ဆုတံဆိပ်များ
ဘဝနိဂုံးအသက် ၈၀ အရွယ်တွင် လွန်သည်။ သူ၏ ၁၃၃ နှစ်မြောက် မွေးနေ့တွင် ဂူးဂဲက လျှောက်ခြစ်ပုံအဖြစ် ဂုဏ်ပြုသရုပ်ဖော်၏။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia