မီဇိုရမ်ပြည်နယ်
မီဇိုရမ်ပြည်နယ် (အင်္ဂလိပ်: Mizoram /mɪˈzɔːrəm/) သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်တစ်ခုဖြစ်ပြီး အိုက်ဇောမြို့သည် ၎င်း၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်။ အိန္ဒိယ၏ အရှေ့မြောက်ဒေသအတွင်း ၎င်းသည် တောင်ဘက်အကျဆုံး ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်ပြီး ညီအစ်မပြည်နယ် ခုနစ်ခုဖြစ်သည့် တြိပူရပြည်နယ်၊ အာသံနှင့် မဏိပူရပြည်နယ် ၃ ခုတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မီဇိုရမ်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့နှင့် ၇၂၂ ကီလိုမီတာ (၄၄၉ မိုင်) နယ်နိမိတ်ကိုလည်း မျှဝေထားသည်။ အိန္ဒိယနိုင်ငံ၏ အခြားအရှေ့မြောက်ပိုင်းပြည်နယ်များစွာကဲ့သို့ပင် မီဇိုရမ်ပြည်နယ်သည် ယခင်က ပြည်ထောင်စုနယ်မြေအဖြစ် ထွင်းထုခံရသော ၁၉၇၂ ခုနှစ်အထိ အာသံ၏အစိတ်အပိုင်းသာဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် အိန္ဒိယလွှတ်တော်သည် ၅၃ ကြိမ်မြောက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ တည်းဖြတ်ခြင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံ၏ ၂၃ ခုမြောက် ပြည်နယ်အဖြစ် မီဇိုရမ်ပြည်နယ်ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် တည်ထောင်ခွင့်ပြုခဲ့သည်။ ၂၀၁၁ သန်းခေါင်စာရင်းအရ ထိုနှစ်တွင် မီဇိုရမ်ပြည်နယ်၏ လူဦးရေမှာ ၁,၀၉၁,၀၁၄ ဖြစ်သည်။ ၎င်းသည် နိုင်ငံအတွင်း ဒုတိယလူဦးရေအနည်းဆုံးပြည်နယ်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်သည် ခန့်မှန်းခြေအားဖြင့် ၂၁,၀၈၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဧရိယာ 91% ခန့်သည် သစ်တောဖြစ်သည်။ မီဇိုရမ်ပြည်နယ်သည် အလွန်စာတတ်မြောက်သော စိုက်ပျိုးရေးစီးပွားရေးဖြစ်သည်။ ခုတ်ထစ်မီးရှို့ခြင်း သို့မဟုတ် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည် သီးနှံအထွက်နှုန်းညံ့သော်လည်း အတွေ့ရအများဆုံး လယ်ယာလုပ်ငန်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း jhum စိုက်ပျိုးခြင်းအလေ့အထကို သိသာထင်ရှားသော စိုက်ခင်းနှင့် ဝါးထွက်ပစ္စည်းလုပ်ငန်းဖြင့် မှန်မှန်အစားထိုးခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် ပြည်နယ်၏ စုစုပေါင်းနိုင်ငံတော် ပြည်တွင်းထုတ်ကုန်တန်ဖိုးမှာ ₹၆၉.၉၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၂၀ သန်း) ဖြစ်သည်။ မီဇိုရမ်၏ လူဦးရေ၏ ၂၀% ခန့်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်ကြပြီး ၂၀၁၄ ခုနှစ်စာရင်းအရ ကျေးလက်ဆင်းရဲမွဲတေမှု ၃၅% ရှိသည်။ ပြည်နယ်တွင် အမျိုးသား အဝေးပြေးလမ်း ၈၇၁ ကီလိုမီတာခန့်ရှိပြီး NH-54 နှင့် NH-150 တို့သည် အာသံနှင့် မဏိပူရတို့ကို အသီးသီး ဆက်သွယ်ပေးထားသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကုန်သွယ်မှုအတွက် တိုးပွားလာသော ဖြတ်သန်းသွားလာရေး ဂိတ်လည်းဖြစ်သည်။ ဝေါဟာရဇာစ်မြစ် (ဗျုပ္ပတ်)ပြည်နယ်၏အမည်သည် "Mizo" (သို့) "မီဇိုး" ဟူသော ဇာတိနေထိုင်သူများ၏ ဘာသာစကားနှင့် အမည်ဖြစ်၍ မီဇိုးဘာသာစကားဖြင့် "Ram" (သို့) "ရမ်း" သည် "နိုင်ငံ" ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် "မီဇိုးရမ်း" သည် "မီဇိုးနိုင်ငံ" ဟုဆိုလိုသည်။ သို့သော်၊ မြန်မာဘာသာစကားတွင် မီဇိုရမ် ဟူ၍သာ စာလုံးပေါင်းကြသည်။
လူဦးရေစာရင်းမီဇိုရမ်ပြည်နယ်တွင် လူဦးရေ ၁,၀၉၁,၀၁၄ ဦးရှိပြီး အမျိုးသား ၅၅၂,၃၃၉ နှင့် အမျိုးသမီး ၅၃၈,၆၇၅ ဦး ရှိသည်။ ၎င်းသည် ၂၀၀၁ သန်းခေါင်စာရင်းမှစတင်၍ ၂၂.၈% တိုးတက်မှုကိုထင်ဟပ်စေသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ ဒုတိယလူဦးရေအနည်းဆုံးပြည်နယ်ဖြစ်သည်။ ပြည်နယ်၏ လိင်အချိုးအစားမှာ အမျိုးသားတစ်ထောင်လျှင် အမျိုးသမီး ၉၇၆ ဦးဖြစ်ပြီး အမျိုးသားအချိုးအစား ၉၄၀ ထက် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၅၂ ဦးဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်၏ စာတတ်မြောက်မှုနှုန်းမှာ ၉၁.၃၃ ရာခိုင်နှုန်းဖြစ်၍ မီဇိုရမ်လူဦးရေ၏ ၅၂% ခန့်သည် မြို့ပြများတွင်နေထိုင်ကြပြီး အိန္ဒိယ၏ပျမ်းမျှထက် များစွာမြင့်မားသည်။ မီဇိုရမ်လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် မြို့တော်ကို လက်ခံကျင်းပသည့် အိုက်ဇောခရိုင်တွင် နေထိုင်ကြသည်။ အကြီးဆုံးမြို့ (၁၀) မြို့
ဘာသာစကားများမီဇိုနှင့် အင်္ဂလိပ်တို့သည် ပြည်နယ်၏ တရားဝင်ဘာသာစကားများဖြစ်သည်။ မီဇို သည် နှုတ်ဖြင့်အပြန်အလှန်ပြောဆိုခြင်းအတွက် အသုံးအများဆုံးဘာသာစကားဖြစ်သော်လည်း ပညာရေး၊ အုပ်ချုပ်ရေး၊ နည်းလမ်းများနှင့် အုပ်ချုပ်မှုတို့အတွက်အင်္ဂလိပ်စာကို တွင်တွင်ကျယ်ကျယ်အသုံးပြုသည်။ Lusei ဟုလည်းသိကြသော Duhlian ဒေသိယစကားသည် မီဇိုရမ်ပြည်နယ်၏ ပထမဆုံးဘာသာစကားဖြစ်ပြီး မီဇိုဘာသာစကားအဖြစ် လူသိများလာခဲ့သည်။ ဘာသာစကားသည် Hmar၊ Mara၊ Lai, Thadou-Kuki, Paite, Gangte စသည်တို့ကဲ့သို့သော အခြားဘာသာစကားဖြင့် ရောနှောထားသည်။ ခရစ်ယာန်သာသနာပြုများသည် မီဇိုအက္ခရာကို တီထွင်ခဲ့သည်။ အရေးအသားသည် အသံထွက်ကိုအခြေခံသည့် စာလုံးပေါင်းစနစ်၏ ထင်ရှားသောခြေရာများနှင့်အတူ ရောမအက္ခရာနှင့် Hunterian ဘာသာပြန်ဆိုခြင်းနည်းစနစ်ကို ပေါင်းစပ်ထားသည်။ အက္ခရာ (၂၅) လုံးရှိ၍ ၎င်းတို့မှာ-
ကိုးကား
|
Portal di Ensiklopedia Dunia