မုဒြာရဲ့ခေါ်သံ (ရုပ်ရှင်ဇာတ်ကား)
မုဒြာရဲ့ခေါ်သံ (အင်္ဂလိပ်: Mudras Calling) ဇာတ်ကားသည် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ပွဲဦးထွက်ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်ပြီး ဇဏ်ခီ၊ လှယဉ်ကျေး နှင့် နန်းဝေဝေထွန်း(ဇာတ်ပို့)တို့ ပါဝင်သရုပ်ဆောင်ထားသော dramatized documentary ဇာတ်ကားတစ်ကားဖြစ်သည်။ ဇာတ်လမ်းအကျဉ်းအမေရိကန်နိုင်ငံတွင် ကြီးပြင်းခဲ့သော မြန်မာပြည်ဖွား ဂျေဒန် (Jaden) သည် ၎င်း၏ဇာစ်မြစ်ကို ရှာဖွေရန် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ထင်မှတ်မထားသော အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ရသည်။[၁] မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်သည် ၎င်း၏ ဂီတမဟာတန်းသုတေသန စာတန်းအတွက် မြန်မာ့ရိုးရာဂီတနှင့်အကကို သုတေသနပြုရန် ဇာတိမြေမြန်မာပြည်သို့ ပြန်လာခဲ့သည်။ ဤတွင် ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်ဖြင့် ဘွဲ့ရထားသော နှင်းသူဇာနှင့်တွေ့ဆုံခဲ့ပြီး ဂျေဒန်၏မိဘအရင်းနှင့် ဇာစ်မြစ်ကို ရှာဖွေရန် ကူညီခဲ့သည်။ ဂျေဒန်၏ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းသော ဒေသခံများ၏ နေထိုင်မှုပုံစံများ၊ တွေ့မြင်ရခဲသော မြန်မာပြည်၏ အလှအပများကို ထင်ဟပ်စေသော ဇာတ်ကားတစ်ကားဖြစ်သည်။ [၂] သရုပ်ဆောင်များ
ရရှိခဲ့သောဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
ကိုးကားပြင်ပလင့်များ
|
Portal di Ensiklopedia Dunia