မေမေဝင်း (ရုပ်ရှင်သရုပ်ဆောင်)
မေမေဝင်း (၁၉၀၈-၁၉၈၁) သည် မြန်မာ သရုပ်ဆောင်နှင့် အငြိမ့်မင်းသမီး ဖြစ်သည်။ ငယ်ဘဝမအူပင်မြို့နယ်၊ မလက်တိုရွာ၌ ဦးဖိုးစိန်၊ ဒေါ်အေးခင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်တွင် မွေးသည်။ အမည်ရင်းမှာ ခင်မြမြ ဖြစ်သည်။ အနုပညာခရီးငယ်စဉ်ကပင် ယူနိုက်တက်အတ်တစ် ကုမ္ပဏီမှ ထုတ်ပြီး ဒါရိုက်တာ ဆရာခန့် ရိုက်သော ဒိတ်ဒိတ်ကြဲ ဇာတ်ကားတွင် စပါသည်။ မြန်မာအဆွေ အေဝမ်းမြန်မာအဆွေ အေဝမ်းရုပ်ရှင်နှင့် လက်တွဲပြီးနောက် အေဝမ်းမြမြ အမည်နှင့် ညဉ့်ဦးယာမ်၊ စိမ်းရွှေရွှေ၊ ဒွေးညီနောင်၊ အောင်ပင်လယ်၊ သံခမောက် စသည့် ဇာတ်ကားများတွင် ပါဝင်သည်။ ဗြိတိသျှဘားမားဗြိတိသျှဘားမား ကုမ္ပဏီက အသံထွက်ကားများ ရိုက်ရန် မင်းသမီးရှာရာ ဗြိတိသျှဘားမားသို့ ကူး၍ မေမေဝင်း အမည်နှင့် သရုပ်ဆောင်သည်။ [၁] ခေတ်ဆန်သူ ကို ရိုက်သည်။ ညွန့်မြန်မာ ရုပ်ရှင် (ယခင် ဗြိတိသျှဘားမား) ထုတ် ဒါရိုက်တာ ချန်ထွန်း ရိုက်သည့် အချစ်ဆုံး နှင့် ဗိုလ်အောင်ဒင် ဇာတ်ကားတို့မှာ အထူးအောင်မြင်သည်။ သရုပ်ဆောင်သော ဇာတ်ကားများ
အငြိမ့်မင်းသမီးဒုတိယကမ္ဘာစစ်အတွင်း ဇာတိ မလက်တိုရွာသို့ စစ်ရှောင်သည်။ စစ်ပြီးနောက် စိန်အောင်မင်း၏ ဇာတ်နှင့်လိုက်ကာ ရှေ့ပိုင်းပြဇာတ်များတွင် ဝင်ကသည်။ မိသားစုဘဝငယ်စဉ်ကပင် ရဲအရာရှိ ဦးမောင်ဝင်းနှင့် အိမ်ထောင်ကျကာ ရန်ကုန်ရောက်လာခြင်း ဖြစ်သည်။ သမီး ဘေဘီဝင်းကို ဦးမောင်ဝင်းနင့် ရသည်။ ဘဝနိဂုံး၁၉၈၁ ခု၊ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတရက်တွင် ရန်ကုန်၌ ကွယ်လွန်သည်။ [၂] ရည်ညွှန်းကိုးကား |
Portal di Ensiklopedia Dunia