မောင့်မူပိုင်ရှင် (၁၉၆၄ ရုပ်ရှင်)မောင့်မူပိုင်ရှင် ရုပ်ရှင်ဇာတ်ကားသည် ၁၉၆၄ခုနှစ်က မန္တလေးရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်သည်။ မန္တလေးရုပ်ရှင်ပိုင်ရှင် ဒါရိုက်တာအောင်ဝင်းက ထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ ဒေစီကျော်ဝင်း၊ ခင်သန်းနုတို့ကို သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး အလွန်အောင်မြင်သော ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်။ဇာတ်ကားထဲပါ “မောင့် မူပိုင်ရှင်”သီချင်းမှာလည်း လက်ရှိအချိန်အထိ ထင်ရှားသည်။[၁] သို့သော် အဆိုပါ ဇာတ်ကားနှင့်စပ်လျဉ်းပြီး မည်သူတစ်ဦးတစ်ယောက် မှ အကယ်ဒမီဆု မရခဲ့ပေ။[၂] ယင်းဇာတ်ကားကို ဒါရိုက်တာ ကိုစန်းအောင်က ဒုတိယအကြိမ်အဖြစ် ၂၀၀၀ ခုနှစ်တွင် သရုပ်ဆောင် ဒွေး၊ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ထက်ထက်မိုးဦးတို့ဖြင့် ပြန်လည်ရိုက်ကူးခဲ့သည်။ရုံတင်ပြသစဉ် အထူးဝင်ငွေကောင်းသည့် ရုပ်ရှင်တစ်ခုဖြစ်ခဲ့သည်။ထိုဇာတ်ကားသည် ၂၀၀၀ပြည့်နှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ တွင် ရုပ်ရှင်ဓာတ်ပုံဆု သန်းညွှန့်(ပန်းသာ) (မောင့်မူပိုင်ရှင်)(ဆေးရောင်စုံ)က ရရှိခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia