မောင်ပေါ်ထွန်း
မောင်ပေါ်ထွန်း (၁၄ မေ ၁၉၃၅-၁၃ ဩဂုတ် ၂၀၂၂) သည် အမျိုးသားစာပေဆုရ မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အစောပိုင်းဘဝနှင့် ပညာရေးရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရွှေမျက်ဝရွာတွင် အဖ ပန်းချီပန်းပု လက်သမား ဆရာကြီး ဦးမောင်ပု၊ အမိဒေါ်အေး တို့မှ ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခင်မောင်စိုး ဖြစ်သည်။ မူလတန်းပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် အထက်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၅ နှစ်သားတွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့ပြီး အလွတ်ပညာကျောင်း တက်သည်။ လှကော်မာရှယ်ကောလိပ်မှ မြန်မာလက်ရေးတို ပထမဆုရခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) အဖွဲ့၌ လက်နှိပ်စက် လက်ရေးတိုစာရေးအဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၆၇ -၆၈ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲကို အင်္ဂလိပ်ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သတင်းစာပညာ အတတ်သင်ကျောင်း အပတ်စဉ် (၁) တွင် ပထမဆု ရရှိသည်။ ၁၉၇၃ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာ (သမိုင်းဘွဲ့) ရသည်။ ၁၉၇၈ ခုနှစ်တွင် စာပေဗိမာန် စာအုပ်အသင်း ကြီးကြပ်ရေးမှူး အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ စာပေရေးသားခြင်း၁၉၅၈ ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း၌ ခုနစ်နှစ်အရွယ် သမီးငယ် (Seven Year Old Girls) ရုရှားပုံပြင် ဘာသာပြန်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများ ကြိုကြား ကြိုကြား ရေးသားခဲ့သည်။ စာအုပ်လောက စာစောင်၊ ပန်မဂ္ဂဇင်း၊ ချယ်ရီ မဂ္ဂဇင်းနှင့် စီးပွားရေးမဂ္ဂဇင်းတို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ စာအုပ်ဟူသည်စာအုပ်ကို မောင်ဆုရှင်နှင့်လည်းကောင်း၊ စာနယ်ဇင်းဟူသည်စာအုပ်ကို မောင်ဆုရှင်၊ သိန်းတင် (ဟံသာဝတီ) တို့နှင့် လည်းကောင်း တွဲဖက် ရေးသားထုတ်ဝေခဲ့သည်။ နိုင်းမြစ်ဝှမ်းမှတော်လှန်ရေး၊ ကျွန်မချစ်တဲ့ ဆူကာနို၊ ပင်တဂွန်၊ ယက်ဖ်တူရှင်ကို၊ မောင့်ဘက်တန်နှင့် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ၊ ကမ္ဘာ့ရန်၊ အကြီးအကဲ၊ ကျေရာကျေကြောင်း၊ ငွေရှာနည်း ငွေသုံးနည်း၊ စံပြအရောင်းသမား၊ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ၊ စံပြ ခေါင်းဆောင်မှု၊ ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး၊ မဟာဒီလှိုင်း၊ အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ်သဒ္ဒါကျမ်း၊ ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ၊ ကန္တာရ စမ်းရေအိုင် စသည့် ဘာသာပြန်လုံးချင်း စာအုပ်ပေါင်း ၅ဝ ခန့် ပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ (၁ဝ) ရပ်ကွက်ဇေယျာ(၈)လမ်းတွင် နေထိုင်ခဲ့သည်။ ရရှိခဲ့သော ဆုများ၁၉၉၇ ခုနှစ်တွင် ဘာသာပြန် အမျိုးသားစာပေဆုကို ကန္တာရစမ်းရေအိုင်စာအုပ်ဖြင့် ရရှိခဲ့ကာ ၂၀၀၆ ခုနှစ်တွင် ကံကြမ္မာ အကျဉ်းသား ဘာသာပြန်စာအုပ်ဖြင့် ဒုတိယအကြိမ် အမျိုးသားစာပေဆု ရရှိခဲ့သည်။[၁] ၂၀၁၄ ခုနှစ်တွင် အမျိုသားတစ်သက်တာစာပေဆုကို ရရှိခဲ့သည်။ ကွယ်လွန်ခြင်း၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၃ရက် မနက် ၉ နာရီ ၄၅မိနစ်တွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်သွားသည်။[၂][၁] မောင်ပေါ်ထွန်း ရေးသား ခဲ့ပြုစုခဲ့သော စာအုပ်များ
28. ဆရာဝန်မသုံးယောက် ၂၉။မျိးဆက်သွေး(ဘာသာပြန်) ကိုးကား
|
Portal di Ensiklopedia Dunia