မောင်မယ်ရှောင်ရွာ၊ ထားဝယ်မြို့နယ်
မောင်မယ်ရှောင်ရွာ(အင်္ဂလိပ်: Maungmeishaung)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၀၂၉ ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းစစ်အစိုးရတပ်များက အကြိမ်ကြိမ် မီးရှို့သည်ကို ခံခဲ့ရသောရွာဖြစ်သည်။ [၁]မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ဓာတ်ဝဲဘုရားသည် ထားဝယ်မြို့၏အထင်ကရဖြစ်သော ရှင်ကိုးရှင်ဘုရားများထဲတွင် တစ်ဆူအပါအဝင်ဖြစ်သည်။မောင်မယ်ရှောင်တွင် ကျေးလက်ကျန်းမာရေးဌာနရှိသည်။ [၂]မောင်မယ်ရှောင်ကျေးရွာသည်ထားဝယ်မြို့မှမြောက်ဘက်(၇)မိုင်ခန့်အကွာတွင်တည်ရှိသောရွာတစ်ရွာဖြစ်သည်။ကားလမ်းရထားလမ်းတို့နှင့်ဆက်သွယ်ထားပြီး ထားဝယ်မြို့နှင့်ရေးမြို့ကိုဆက်သွယ်ထားသောဟိုင်းဝေးလမ်းမကြီးပေါ်မှာတည်ရှိသောရွာတစ်ရွာဖြစ်သည်။မောင်မယ်ရှောင်ရွာ၏ကျေးရွာအုပ်စုထဲတွင်မနဲကုန်းကျေးရွာ၊ရဲအိုင်ကျေးရွာ၊ကင်းကုန်းခေါင်တိုင်ပြင် ၊ပဒိုင်းချောင်း၊ပခပ်အင်ရေစသည့်ကျေးရွာများပါဖွဲ့စည်းထားပါသည်။ရွာ၏အရှေ့ဘက်တွင်ရဲအိုင်ကျေးရွာ၊အနောက်ဘက်တွင်မနဲကုန်း၊မြောက်ဘက်တွင်ဇီးကျကျေးရွာ၊တောင်ဘက်တွင်ဇဟာကျေးရွာတို့အသီးသီးတည်ရှိကြပါသည်။ ကိုးကား
|
Portal di Ensiklopedia Dunia