မျိုးကျော့မြိုင်
မျိုးကျော့မြိုင် သည် မြန်မာနိုင်ငံသား အဆိုတော်၊ အသံသွင်း ထုတ်လုပ်သူ၊ အသံ အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ သူသည် မြန်မာပြည်ရဲ့ Hip Hop လောကကို စတင်ခဲ့သူဖြစ်ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သူဖြစ်သည်။ သူသည် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များက အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဟစ်ဟော့ တေးဂီတနှင့်ပတ်သက်၍ အလွှမ်းမိုးဆုံး အနုပညာရှင်တစ်ယောက်အဖြစ် ယူဆထားသည်။ သူသည် အနည်းဆုံး အလ်ဘမ်ပေါင်း ၁၁ အထိ ထုတ်လုပ်ခဲ့သည်။[၁] မျိုးကျော့မြိုင် သည် ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး)မှ ဆင်းသက်လာသူဖြစ်သည်။[၂] အနုပညာလှုပ်ရှားမှုမျိုးကျော့မြိုင်သည် အနုပညာအလုပ်တွေကို ၁၉၈၆ ခုနှစ်နောက်ပိုင်းမှာကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်သည်။[၃] မြန်မာပြည်ရဲ့ Hip Hop လောကကို စတင်ခဲ့သူဖြစ်ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ပရိသတ်အကြိုက်ဆုံးနဲ့ စိတ်အဝင်စားဆုံးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲရဲ့ ဒိုင်တဦးအဖြစ်လည်း ပါဝင်ခဲ့သည်။[၄] တေးစီးရီးများ
ကိုးကား
|
Portal di Ensiklopedia Dunia