မြစ်ကျဉ်းသုံးသွယ် ရေကာတာ

၂၀၀၉ ခုနှစ်တွင် မြင်တွေ့ရသည့် ရေကာတာ မြင်ကွင်း။

မြစ်ကျဉ်းသုံးသွယ် ရေကာတာသည် တရုတ်ပြည်၏ အရှည်ဆုံးမြစ် ယန်ဇီမြစ်ပေါ်ရှိ ဟူပေပြည်နယ် ဆန်းတုန်ဖိန်မြို့ အနီးတွင် တည်ဆောက်ထားသည့် ရေကာတာဖြစ်သည်။ ၎င်းသည်လည်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေအားလျှပ်စစ်စက်ရုံဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၈၂၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။

ရေကာတာကို ၂၀၀၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးသည်။ ရေအားလျှပ်စစ်စက်ရုံတွင် ဓာတ်အား ၇၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်သည့် တာဗိုင်ပေါင်း ၂၆ ခုရှိသည်။

လျှပ်စစ်ဓာတ်အားအပြင် ယန်ဇီမြစ်တလျှောက် ရေကြောင်းပို့ဆောင်ရေး စွမ်းအားကို မြှင့်တင်ပေးကာ မြစ်ရေကြီးမှုများကို လျော့ပါးစေသည်။ တရုတ်အစိုးရက ယင်းရေကာတာကို ဆောက်လုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် အောင်မြင်သည့် သမိုင်းဝင် စီမံကိန်းတစ်ရပ်ဟု ဂုဏ်ယူခဲ့သည်။ သို့သော်လည်း ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ယန်ဇီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လူနေရပ်ကွက်များ ရေအောက်နစ်မြုပ်သွားခဲ့သလို လူဦးရေ ၁.၃ သန်းခန့် ဌာနေကို စွန့်ခွာကာ အခြားနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည့်အပြင် မြေပြိုခြင်းစသည့် ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုမိုကြီးမား လာစေသည်။[]

အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အကုန်ခံ ဆောက်လုပ်ထားသည့် မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ ပထဝီ မြေအနေအထားအပေါ် ထိခိုက်မှုများ၊ စီးပွားရေးဆိုင်ရာ ပြဿနာများ ရှိနေကြောင်း တရုတ်အစိုးရက ၂၀၁၁ ခုနှစ် မေလတွင် ဝန်ခံပြောကြားခဲ့သည်။ []

ကိုးကား

  1. 重庆云阳长江右岸现360万方滑坡险情-地方-人民网People's Daily။ 13 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-08-01 တွင် ပြန်စစ်ပြီး။ See also: 探访三峡库区云阳故陵滑坡险情။ News.xinhuanet.com။ 2009-08-01 တွင် ပြန်စစ်ပြီး။
  2. လျှိုမြောင်၃သွယ် ရေကာတာ ကိစ္စ တရုတ်အစိုးရ ပြန်သုံးသပ်မည် (ဗွီအိုအေ)။ 26 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 May 2011 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya