မြထွန်းအောင်![]() ဦးမြတ်ထွန်းအောင် (၁၈၅၆-၁၉၁၉) သည် ပထမဆုံး မြန်မာနိုင်ငံရှိလူမျိုး များထဲတွင် အရေးပိုင်ဖြစ်သည်။
ဘဝအစောပိုင်းဘဝဦးမြတ်ထွန်းအောင်ကို ၁၈၅၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မွေးဖွား ခဲသည်။ ရခိုင်လူမျိုး ဖြစ်သည်။ အရေးပိုင်တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်း ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ပြီး၊ မန္တလေးမြို့ကို သိမ်းယူရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် နယ်ပိုင် ဝန်ထောက်ဖြစ်လာပြီး၊ မြန်မာနိုင်ငံရှိတိုင်းရင်းသား များထဲတွင် ပထမဆုံးသော အရေးပိုင် ရာထူးကို ရရှိခဲ့သည်။ ဦးမြတ်ထွန်းအောင် မတိုင်မီက အရေးပိုင်ရာထူးကို မျက်နှာဖြူများသာ ရရှိခဲ့သည်။ ဦးမြတ်ထွန်းအောင်အား ဗြိတိသျှ အစိုးရက အိန္ဒိယ အင်ပိုင်ယာ၏ ဆွေသဟာ (CIE)ဘွဲ့ (Companion of the Indian Empire)၊ ကျက်သရေဆောင် ရွှေစလွယ်ရမင်း (KSM)ဘွဲ့နှင့် သူရဲကောင်း ဓားတော်ရမင်း (TDM) ဘွဲ့များကို ချီးမြှင့်ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင်ကျောက်ဖြူမြစ်အတွင်း ရေနစ် ကွယ်လွန်သည်။ ယခု ကျောက်ဖြူမြို့ရှိ၊ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦး နေရာသည် ဦးမြတ်ထွန်းအောင်၏ အိမ်နေရာ ဖြစ်သည်။ အရေးပိုင် မြတ်ထွန်းအောင် ဟု လည်းကောင်း၊ ဒီဝီဇံ မြတ်ထွန်းအောင် ဟု လည်းကောင်း နာမည်ကြီးသည်။ ကိုးကားhttps://arakanbooks.blogspot.com/2012/06/blog-post_8579.html?m=1 |
Portal di Ensiklopedia Dunia