မြန်မာနိုင်ငံရှိ ကျန်းမာရေးမြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုသည် ကောင်းမွန်မှု မရှိပေ။ စစ်အစိုးရသည်နိုင်ငံ့ဂျီဒီပီ (GDP) ကို ၀.၅ % မှ ၃% အထိသာ ကျန်းမာရေးအတွက် သုံးစွဲသည်။ ကျန်းမာရေးစောင့်ရှောက်မှုနိမ့်ကျသည့် နိုင်ငံများတွင် မပြောင်းမလဲ တစ်သမတ်တည်း ရှိခဲ့သည်။[၁][၂] အခြေခံအဆောက်အအုံများမြန်မာနိုင်ငံတွင် ဆေးပညာတက္ကသိုလ် ၆ ခု ရှိသည်။ ငါးခုသည် အရပ်ဘက်အတွက်ဖြစ်ပြီး တစ်ခုသည် တပ်မတော်အတွက် ဖြစ်သည်။ လုပ်ငန်းအားလုံးကို အစိုးရနှင့် မြန်မာနိုင်ငံဆေးပညာကောင်စီက လုပ်ဆောင်သည်။ တက္ကသိုလ်များမှာ - ၂၀၁၂ ခုနှစ်၊ မတ်လတွင် အိုကာယာမာတက္ကသိုလ်သည် (Okayama University) နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာအကယ်ဒမီတစ်ခု တည်ထောင်မည်ဟု ပြောခဲ့သည်။ အစမ်းအနေဖြင့် Rinsho အကယ်ဒမီ ဟု အမည်ပေးထားသည်။ ထိုအကယ်ဒမီသည် နိုင်ငံအတွင်း ပထမဆုံး နိုင်ငံခြားသားများဖြင့် လည်ပတ်လုပ်ဆောင်မည့် ဆေးဘက်ဆိုင်ရာကျောင်းဖြစ်သည်။ [၃] ကျန်းမာရေးအခြေအနေမိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှာက်မှု၂၀၁၀ ခုနှစ်တွင် မိခင်များသေဆုံးမှုနှုန်းသည် မွေးဖွားမှု ၁၀၀၀၀၀ တွင် ၂၄၀ ရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်မူ ၂၁၈.၃ ရှိပြီး၊ ၁၉၉၀ တွင် ၆၆၂ ရှိခဲ့သည်။ ၅ နှစ်အောက်ကလေး သေဆုံးမှုသည် ၁၀၀၀ ကို ၇၃ ဖြစ်သည်။ မွေးကင်းစများ သေဆုံးမှုသည် ၄၇ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝမ်းဆွဲအရေအတွက်သည် ၁၀၀၀ လျှင် ၉ ယောက်ဖြစ်သည်။ ကိုယ်ဝန်ရှိအမျိုးသမီး သေဆုံးမှုသည် ၁၈၀ လျှင် ၁ ယောက် ဖြစ်သည်။ [၄] မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ခြင်းသည် တရားမဝင်ပေ။ မိခင်များ သေဆုံးမှုသည် ၁၉၇၀ ခုနှစ်ကတည်းက လျော့ကျခဲ့သော်လည်း တရားမဝင်ကိုယ်ဝန်ကို ဖျက်ချနေမှုကြောင့် သေဆုံးမှုသည် မြင့်တက်လျက် ရှိသည်။ [၅] HIV/AIDSHIV/AIDS သည် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် လိင်လုပ်သားများတွင် အဖြစ်များသည်။ မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနသည် ရောဂါတစ်ခုအဖြစ် လက်ခံဆောင်ရွက်လျက် ရှိ၏။ ၂၀၀၅ ခုနှစ်တွင် အရွယ်ရောက်သူများတွင် HIV ကူးစက်ပျံ့နှံ့မှုသည် ၁.၃% (၂၀၀၀၀၀ - ၅၇၀၀၀၀) ရှိသည်။ UNAIDS နှင့် အစောပိုင်းဖော်ပြချက်များအရ ကူးစက်ပျံ့နှံ့မှုသည် သတိထားရမည့် အခြေအနေ ဖြစ်သည်။ သို့သော် ကူးစက်မှုသည် တိုးပွားမြဲတိုးပွားလျက် ရှိခဲ့သည်။ [၆][၇][၈] မြန်မာနိုင်ငံ၏ အမျိုးသား AIDS လုပ်ငန်းစဉ်တွင် လိင်လုပ်သား ၃၂% နှင့် အကြောအတွင်းထိုးသွင်းသည့် မူးယစ်ဆေးသုံးစွဲသူ ၄၃% သည် HIV ရောဂါ ရှိနေကြသည်ကို တွေ့ရှိခဲ့ကြသည်။ [၈] အစိုးရသည် အမေရိကန်ဒေါ်လာ ၁၃၇၁၂၀ (၁၅၀၈၃၁၆၀၀ ကျပ်) ကို HIV ရောဂါအတွက် သုံးစွဲခဲ့သည်။ အပြည်ပြည်ဆိုင်ရာအလှူရှင်များ (နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ ဆွီဒင် အစရှိသည့်နိုင်ငံ့အစိုးရများ) ကလည်း HIV အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၂၇၇၁၁၈၁၃ တန်ဖိုး လှူဒါန်းခဲ့သည်။ [၉] မြန်မာနိုင်ငံသည် အာရှတိုက်တွင် အရွယ်ရောက်သူများ HIV ရောဂါကူးစက်ခံရမှု အမြင့်ဆုံး ဖြစ်သည်။ နိုင်ငံပေါင်း ၁၆၆ နိုင်ငံတွင် အဆင့် ၅၁ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယား၊ ထိုင်း တို့က ကူးစက်မှုအမြင့်ဆုံးအဖြစ် တည်ရှိသည်။ နှစ်ပတ်လည်တွင် HIV/AIDS ကြောင့် သေဆုံးသူသည် ခန့်မှန်းခြေ ၂၀၀၀၀ (၁၁၀၀၀ မှ ၃၅၀၀၀ အတွင်း) ရှိသည်။ [၁၀] ကိုးကား
|
Portal di Ensiklopedia Dunia