မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မ

မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မ တည်ရှိရာနေရာသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်မြစ်သားမြို့နယ်ကူမဲမြို့၊ ကင်းတားဆည်အနီး၊ မြသုခရွာအနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။ ကမ္ဘာ့တည်နေရာပြစနစ် (GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁° ၁၂.၆၉၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆°၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။ ပြက္ခရွေတောင်ဆိုသည်မှာ တောင်တစ်လုံး၏ အမည်မဟုတ်ဘဲ ပြက်တောင်နှင့် ခရွေတောင် နှစ်လုံးအား စုပေါင်း၍ ခေါ်ဆိုခြင်းဖြစ်သည်။ ပြက္ခရွေတောင်သည် ၃၇၅၀-ပေ မြင့်သည်။

တောင်ထိပ်ပေါ်တွင် အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ပြက္ခရွေစေတီတော် ရှိသည်။ ပြက္ခရွေစေတီတော်အနီးတွင် မြန်မာနိုင်ငံမြေတိုင်းအဖွဲ့က ပြုလုပ်ထားသော မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ အမှတ်အသား ကျောက်တိုင်ရှိသည်။

ကိုးကား

  1. ရေနံ့သာဝင်းမောင်။ စွယ်တော်ငါးဆူ ပြည့်(၅)ပြည့်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya